episode 3:3

2.7K 213 10
                                    

#Unicode☑️





စမ်းချောင်းလေးမှ ကြည်လင်သောရေကလေးများရဲ့စီးကျသံ ၊ ဝါးတောကလေးအတွင်းရှိတကျီကျီတကျာကျာသီကြွေးနေကြသောငှက်ကလေးများ၊ လေကလေးအဝေ့တွင် ပွင့်ခိုင်ပေါ်မှ ကြွေကျလာကြသောမက်မွန်ပွင့်ချပ်များ...သဘာဝအလျောက်ဖြစ်ပေါ်လာသောနေချင်စဖွယ်ဖြစ်နေသည့်ပတ်ဝန်းကျင်လေးကြား သီးသန့်တည်ရှိနေသော
"လမင်းရောင်ဖြာ"အဆောင်ငယ်ကလေးဟာ အေးချမ်းလွန်းလှတယ်။
ထိုအဆောင်ငယ်ကလေးရဲ့အရှင်သခင်လေးဟာလဲ ဖြူ စင်, စင်ကြယ်လွန်း၍ သိပ်ချစ်ဖို့ကောင်းပါသေးတယ်။

အဆောင်ငယ်လေးအတွင်း၏ ညာဘက်အခြမ်းတွင် တသီးတသန့်ထားရှိသော စားပွဲလေးထပ်တွင် မင်ရည်ခွက်ကလေးက ညာဘက်အစွန်းတွင်နေရာယူလျက် စာပေလိပ်များဟာ ဘယ်ဘက်အစွန်းထောင့်နားတွေရှိနေကြသည်။
အလယ်တွင် စာပေလိပ်ကလေးတစ်လိပ်လားဖြန့်ထားပြီး ထိုစာပေလိပ်ကလေးအား ငေးကြည့်နေတဲ့အဆောင်ငယ်လေးရဲ့အရှင်သခင်လေးလန်ရိပေါ်

ရိပေါ်လေးတစ်ယောက် အတွေးများနေလေတယ်။
တကယ်ပဲ ဘယ်သူလဲ အသံသာကြားရပြီး အကောင်အထည်မမြင်ရတဲ့ အနှီးလူသား...အင်း နတ်ဆိုးလဲဖြစ်နိုင်တယ်။
ဘာလိုချင်လို့လဲ အသက်၁၈ပြည့်သည့်ရက်မှစ၍ စကြားရတဲ့အသံ အိပ်မက်ထဲခဏခဏလာရောက်တက်ပေသေးသည်။
ညတိုင်းလိုလို လာရောက်တက်တဲ့ထိုအသံပိုင်ရှင် လာရောက်သည့်ရက်မှာ ယခုဆိုလျှင်၃လပင်ပြည့်ချေပြီ။
တကူးတကမှတ်ထားခြင်းမဟုတ်သော်လည်း အလိုလျောက်မှတ်မိနေခြင်းသာ။
စာပေလိပ်ပေါ်စာလုံးငယ်များကိုငေးကြည့်ရင်း အသံပိုင်ရှင်အား သူတွေ့ချင်နေမိတယ်။ တွေ့ချင်သော်လည်း အမှန်တကယ်သာတွေ့လျှင် သူဘာပြောရမလဲမသိ မေးခွန်းများထွက်လာမည်မထင်။

အားးး!! နာတယ် မာမားး ကယ်ပါ!!

ရုတ်တရက်ထွက်ပေါ်လာတဲ့အကောင်ငယ်လေးတစ်ကောင်ရဲ့အော်သံကြောင့် လန်လေး အတွေးများနေရာမှ သတိကပ်သွားရတယ်။
ညင်သာစွာ ထလိုက်ပြီး တံခါးလေးကိုဖွင့်ရင်း ပတ်ဝန်းကျင်ကိုစူးစမ်းလိုက်တော့ ရေပုလဲပင်အောက်မှ အော်ဟစ်နေသောငှက်ကလေး အသိုက်ပေါ်မှ ကျလာဟန်
အနည်းငယ်ပြုံးလိုက်ရင်း ထိုငှက်ကလေးရှိရာသို့ သွားလိုက်တယ်။

[မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာ💚ForNadi💚= မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာCompletedDonde viven las historias. Descúbrelo ahora