episode 9:9 Unicode☑️

2.5K 162 13
                                    




ကျေးငှက်ကလေးများမရှိဘဲ သားရဲတိရစ္ဆာန်တွေသာရှိတဲ့တော့အုပ်ထဲမှာ ရိပေါ်လေးက ပျင်းပျင်းရိရိ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်လုပ်ရုံကလွဲ၍ ဘာမှလုပ်စရာမရှိချေ ။
အရှင်က ကျဲကျဲတို့ကိုမဆက်သွယ်ဖို့ပြောပေမဲ့လဲ သူအရှင့်စကားကိုမနားမထောင်ဘဲတိတ်တဆိတ်စုံစမ်းနေတုန်းပဲ ။
အရှင်သိရင် လန်လေးကိုဘယ်လိုအပစ်ပေးမလဲမသိ....။

" သခင်လေး Yangzi ရောက်ပါပြီ "

" Yangzi Jie ၀င်ခဲ့လေ "

အပြာရောင်အမြဲဝတ်တဲ့Jieက သူ့မျက်နှာကိုအမြဲပုဝါနဲ့အုပ်ထားလေ့ရှိတယ်။
၀ိဉာဉ်မြို့တော်မှာ လန်လေးအတွက်အရှင်ပြီးရင်Yangzi Jieက ခင်အတွယ်ရဆုံးလူတစ်ယောက်ဆိုလဲမမှားပေ။

" သခင်လေးအတွက် Yangzi မြို့ထဲက ပုလဲရွှေရွက်လက်ဖက်ခြောက်လေး ၀ယ်လာတယ် သုံးဆောင်ကြည့်ပါဦး "

" ဟုတ်ကဲ့ Jie လန်လေး သောက်ကြည့်လိုက်မယ် "

" ဟုတ်ကဲ့ သခင်လေး "

Yangzi Jieပေးတဲ့လက်ဖက်ခြောက်အိုးကလေးကို ကြည့်နေမိတယ်။ရိုးရှင်းတဲ့မြေအိုးသေးသေးလေးထဲထည့်ထားတာပဲ..။ အိုးကလေး အ၀ိုင်းသေးသေးကလေးနဲ့ချစ်စရာလေးမို့သဘောတကျကျကြည့်နေတယ်...။

" Yangzi Jie "

" ဟုတ်ကဲ့ သခင်လေး "

"၀ိဉာဉ်မြို့တော် မှာ ဈေးရှိတယ်လား "

"၀ိဉာဉ်မြို့တော်ဆိုပေမဲ့ လူနဲ့အနည်းငယ်ကွာခြားတာကလွဲရင် ကျန်တာအကုန်အတူတူပါပဲ နေ့စဉ်လူတွေလိုပဲလှုပ်ရှားသွားလာကြပါတယ် "

" ဘယ်လိုကွာခြားတာလဲ "

" သခင်လေး သွားချင်ရင် Yangzi လိုက်ပို့ပါမယ် "

" အာ....."

" Yangzi အသက်နဲ့ရင်းပြီးကွာကွယ်ပေးပါ့မယ် သခင်လေး စိတ်ဆန္ဒရှိရင် Yangziလိုက်ပို့ပေးပါ့မယ် "

" အာ နေပါစေတော့ Yangzi Jie လန်လေးက လူများတဲ့နေရာကိုမနှစ်သက်ဘူး ပြီးတော့ အရှင့်ခွင့်ပြုချက်မရဘဲ လန်လေးအပြင်မထွက်ရဲဘူး "

မျက်လွှာလေးချကာ နူးညံ့ငြင်သာတဲ့စကားဆိုလိုက်တဲ့သခင်လေးက သွားချင်ပုံမပေါ်သော်လည်း ၀ိဉာဉ်မြို့တော်ရောက်ကတည်းက အပြင်မထွက်ရသေးသည်မို့ စိတ်ကြည်လင်လန်းဆန်းစေရန် အရခေါ်သွားဖို့Yangziဆုံးဖြတ်ချက်ချလိုက်တယ်။

[မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာ💚ForNadi💚= မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာCompletedWhere stories live. Discover now