#Unicode☑️
မှောင်ရီပျိုးလို့ ငှက်ကလေးများ အိပ်တန်းတက်ကြချိန်တွင် လန်လေးတစ်ယောက် ပြန်လည်နိုးထလာတယ်။
အကြာကြီးအိပ်မိလိုက်သည်မို့ အနည်းငယ် အညောင်းမိနေသောခန္ဓာကိုယ်လေးကြောင့် ခဏအကြာမှသာ ထလိုက်ပြီး အိမ်ကလေးထဲသို့ဝင်လာလိုက်တယ်။အတွေးထဲစိုးမိုးနေသူဟာ အိပ်မက်ထဲတွင်တွေ့ခဲ့ရတဲ့ထိုနတ်ဆိုးသာ၊
ဘယ်သူမှန်းမသိပေမဲ့ ရင်းနှီးနေသယောင်ယောင် တစ်ခုခုကဆွဲငင်လွန်းနေသည်မို့ စိတ်ကိုထိန်းသော်လည်း ထိုအရပ်မျက်နှာသို့သာဦးတည်နေလေသည်။တဖန်ရောက်လာပြန်သော ကန့်သတ်တောဆီသို့
~ကြင်ယာတော်လောင်းလျာလေး ၀င်လာခဲ့~ လာခဲ့ ကိုယ်ခေါ်နေတယ်~~လန်ရိပေါ်~~
ထိုအသံရှိရာနေရာကို သူအရောက်သွားချင်တယ်။ နောက်ကွယ်မှာရှိနေတဲ့သူကို မျက်မြင်ကိုယ်တွေ့ တွေ့ဖူးမြင်ဖူးချင်တယ်။
စိတ်ကိုဒုန်းဒုန်းချလို့ အသံရှိရာဆီသို့ဦးတည်ကာ လျှောက်လာလိုက်တော့ ရေညှိအနည်းငယ်တက်နေသောကျောက်တုံးကလေးများ အစီအရီခင်းထားသောလမ်းငယ်ကလေး သေသေချာချာ ဂရုတစိုက်လျောက်လာရင်း အသံခေါ်ဆောင်ရာဆီသို့ လိုက်လာမိတယ်။~ လန်ရိပေါ် နောက်ဆုံးတော့ မင်းရောက်လာတော့မယ်~ လာခဲ့~ ဘယ်ကိုမှမကြည့်ဘဲ ကိုယ့်ဆီ တည့်တည့်လာခဲ့~~
လမ်းအဆုံးမှာတွေ့လိုက်ရတာက ကျောက်သလင်းဂူတစ်လုံး အစီအရင်ဖြင့် သေချာစည်းချထားတယ်။
အစီအရင်ကို အကဲခက်ကြည့်ခြင်းဖြင့် ထိုအထဲက နတ်ဆိုးရဲ့ စွမ်းအားကို ခန့်မှန်းမိလိုက်တယ်။
လန်ဦးဦး၊သ့ကျဲကျဲ နဲ့ ရင်းကျဲကျဲတို့ရဲ့စွမ်းအားတွေပါ အနံ့ခံမိလိုက်သည်မို့ ထိုကျောက်ဂူအတွင်းသို့ဝင်ရန် အနည်းငယ်တွန့်ဆုတ်မိလေတယ်။
သူသာသေချာပေါက် တံခါးဖွင့်ဝင်မိရင် နတ်ဆိုးမလွှတ်သွားဘူးလို့ ဘယ်သူမှ အာမမခံပေးနိုင်ဘူး
နောက်ပြီး ကန့်သတ်တောမို့ ၀င်ခွင့်ပိတ်ထားပြီးသား လန်ဦးဦးသိရင် အပြစ်သေချာပေါက်ပေးခံရပေလ်ိမ့်မည်။
သူဝင်လိုက်သင့်လားး? ပြန်လှည့်ထွက်သင့်လားး?

VOCÊ ESTÁ LENDO
[မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာ💚ForNadi💚= မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာCompleted
Ficção HistóricaXiao Zhan _ Seme = top Lan Yibo(Wang Yibo) _Uke = bottom ✅ZSWWSZD✅ 🚨Zhanyi Fan fiction🚨 ❌Not Yizhan❌ ❌Not BJYX❌ Start - 6.29.2021[Tue] End - . 9.2.2021[Thur] #Ămaryllis_Ķ #For Nadi💚