Don't call BeBe

670 60 3
                                    


Unicode

အစမ်းလေ့ကျင့်တာ အကုန်ပြီးသွားလို
နားနေခန်းထဲ ရောက်တာနဲ့
ကျဲဟန်ရဲ့ လက်သီးဆုပ်တွေက
ကုန်းကျွင်းအပေါ်ကို
အဆက်မပြတ် ကျရောက်လာတယ်

"အာ့ အာ့ ဘီဘီ နာတယ်"

"အင့်ဟာ ဘာလို့အဲ့နာမည်ကို
ခေါ်လိုက်တာလဲ ခုနက
သေချာပေါက် ကင်မရာထဲမှာ ပါသွားပြီ"

ဒီလောက် အရိုက်ခံနေရတာကို
စပ်ဖြီးဖြီးလုပ်နေနိုင်သေးတယ်

"အင့်ဟာ အင့်ဟာ အင့်
ကျွင့်ကျွင့် ဘာလုပ် လွှတ် အင့်"

ရုတ်တရတ် ခါးကနေဆွဲချလိုက်တာကြောင့်
လူတစ်ကိုယ်လုံးက သူ့အပေါ်ကျသွားသည်။
ဒါကိုအငြိမ်မနေဘဲ
ခါးနားမှာ လက်က
ရစ်သီရစ်သီလုပ်နေသေးတာ

"ကျွင်းကျွင်း လွှတ်တော့
ခဏနေ တခြားသူတွေ
ရောက်လာတော့မှာ"

"ကျွန်တော် တံခါးကိုသေချာပိတ်ခဲ့တယ်
အား ပင်ပန်းလိုက်တာ
အားပြန်ပြည့်သွားအောင်
ခဏလောက် ဒီလိုလေး
ဖက်ထားပါရစေဦး ဘီဘီရဲ့"

"ကုန်ကျွင်း!!!!!!!"

"အင်းပါအင်းပါ မခေါ်တော့ဘူး
နမ်းပါဦး ကျွန်တော့်ကို"

"အရှက်ကိုမရှိဘူး"

အရှက်မရှိတဲ့  ပါပီစုတ်ရဲ့
နှုတ်ခမ်းတွေက ချက်ချင်းပဲ
အနားကိုတိုးကပ်လာတာမြင်တာနဲ့
ရှောင်လိုက်သော်လည်း မမှီတော့
လက်တစ်ဖက်က ဂုတ်ကိုကိုင်ထားပြီး
ကျန်တစ်ဖက် ခါးကနေအခုထိအခွာမပြတ်ဘဲ
နှုတ်ခမ်းတွေကို သိမ်းပိုက်လာသည်
နှုတ်ခမ်းတင်နမ်းရုံနဲ့ အားမရဘဲ
အတွင်းထဲကိုဝင်ခွင့်တောင်းလာတဲ့
လျှာဖျားကြောင့် လက်တွေနဲ့
ထုရိုက်ပေမယ့်လည်း မရ
အောက်နှုတ်ခမ်းကို ကိုက်ချလိုက်တဲ့အချိန်
နာသွားလို့ နှုတ်ခမ်းဟလိုက်တာနဲ့
ပါပီစုတ်ရဲ့ လျှာက
အတွင်းကိုအတင်းတိုးဝင်လာသည်

"အွင့် ကျွင်း ဟ ကျွင်း လွှတ်ဆိုနေ
လွှတ် အင့် ဟင့်"

မလွှတ်ပေးတဲ့အပြင်
ခါးနားက လက်တစ်စုံရဲ့ အထိ‌အတွေ့က
ပိုတင်းကြပ်သွားတာကို
ခံစားရသည်
အနမ်းတွေသိပ်သည်းလာတာနဲ့အမျှ
မိမိဆီက ငြီးသံတွေက
ပိုပိုကျယ်လာရသည်
ရင်ဘတ်ကို တဘုန်းဘုန်းနဲ့
ထုရိုက်နေတာတောင်မှ
အခုထိမလွှတ်ပေးဘူး

အီကြာကွေးကာပယ် One short CollectionWhere stories live. Discover now