Gardenia 1

312 49 2
                                    


Unicode

ဇီဇဝါပန်းတွေက လျှို့ဝှက်သောချစ်ခြင်းကို
ကိုယ်စားပြုတယ်တဲ့
အဖြူရောင်ပွင့်လွှာအထပ်ထပ်နဲ့ပန်းပွင့်တွေဟာ
သန့်ရှင်းစင်ကြယ်တဲ့အဓိပ္ပာယ်လည်း သက်ရောက်တယ်။
အစိမ်းရင့်ရောင်အရွက်တွေကတော့
အားအင်တစ်ခုလိုပေါ့။

လေနှင်ရာယိမ်းနေတဲ့ ပန်းပွင့်ဖြူတွေရဲ့နောက်မှာ
ဇာတ်လမ်းလေးတစ်ပုဒ်ရှိတယ်။

ပန်းပင်တွေရောင်းတဲ့ ဆိုင်ငယ်သည်
မြို့ရဲ့အစွန်ဆုံးမှာရှိသည်။
မြေကွက်လပ်ကျယ်ထဲမှာရှိတဲ့ ဆိုင်ထဲတွင်
‌ပန်းပင်အမျိုးအစားစုံစုံလင်လင်ရှိတယ်။
အိမ်မှာတယုတယစိုက်ပျိုးနိုင်တဲ့ ပန်းပင်ကနေစပြီး
ဥယာဉ်တွေမှာပဲ စိုက်ပျိုးတတ်တဲ့အပင်တွေအထိ
မျိုးစုံရှိသည်။

ကလင်

ဆိုင်တံခါးဝက ခေါင်းလောင်းမြည်သံနှင့်အတူ
လူတစ်ယောက် ဆိုင်အတွင်းသို့ဝင်လာသည်။
အစိမ်းနုရောင်တီရှပ်လက်တိုကို
ဂျင်းဘောင်းဘီနှင့် တွဲဖက်ဝတ်ဆင်ထားတဲ့
လူငယ်ရဲ့လက်ထဲမှာ ပန်းအိုးတစ်အိုးကိုင်ထားသည်။

"မင်္ဂလာပါဧည့်သည် ဘာကူညီပေးရမလဲ"

ထိုလူငယ်က ဆိုင်ကိုတစ်ချက်ဝေ့ကြည့်သည်။
ယူလာသောပန်းအိုးကို ကောင်တာပေါ်တင်သည်။
ပြီးမှ စကားစလာသည်။

"ဒီပန်းအိုးလေးကို ဒီဆိုင်မှာထားခဲ့လို့ရမလား"

"ဧည့်သည် ကျွန်မတို့ဆိုင်က
ပန်းပင်တွေရောင်းပေးတာပါ "

နွမ်းလျနေတဲ့မျက်နှာနှင့်ထိုလူဟာ
အရောင်ပြယ်နေတဲ့ စာအုပ်တစ်အုပ်ကို
ထုတ်လာပြီး ပန်းအိုးဘေးနားမှာ အသာချသည်။

"ဒီစာအုပ်ထဲမှာ ဒီပန်းပင်အတွက်
ပြုစုဖို့နည်းလမ်းတွေပါတယ်
တစ်ကယ်လို့ ဒါကိုဝယ်ဖို့လူရှိလာခဲ့ရင်
ဒီစာအုပ်ကိုပါပေးလိုက်ပါ"

အသစ်ရောက်လာဟန်တူတဲ့ ဝန်ထမ်းမိန်းကလေးကို
ထွေထွေထူးထူးရှင်းပြမနေတော့ပဲ
ထိုမျှသာဆိုပြီး
ဆိုင်အပြင်သို့ ထွက်လာခဲ့သည်။

ခဏအကြာမှာ ထိုဆိုင်အတွင်းသို့
လူတစ်ယောက်ထပ်ရောက်လာသည်။
ကောင်တာပေါ်က နေရာမချရသေးတဲ့
ပန်းအိုးကိုတွေ့တာနဲ့ ကောင်တာဆီလျှောက်လာပြီး
ဒါကို‌ဝယ်ဖို့ပြောသည်။
ဝန်ထမ်းမိန်းကလေးက ထိုပန်းအိုးနှင့်
ပတ်သက်သမျှကိုပြောပြပြီး
ထိုလူ့လက်ထဲ သေချာထည့်ပေးလိုက်သည်။

အီကြာကွေးကာပယ် One short CollectionWhere stories live. Discover now