Koko is mine 1

387 54 0
                                    


Unicode

အိမ်‌ချင်းကပ်ရပ်မှာနေတဲ့ မိသားစုမှာ
ကုန်းကျွင်းဆိုတဲ့ ကလေးလေးတစ်ယောက်ရှိတယ်
အသက်က ၁၀နှစ်သာရှိသေးပေမယ့်
ခန္ဓာကိုယ်ကတော့ ကျဲဟန်ထက်
ခေါင်းတစ်လုံးသာတဲ့ ထိုကလေးဟာ
အားတဲ့အချိန်တိုင်း ကျန်းအိမ်တော်ဘက်ကို
မကြာခဏရောက်ချလာတတ်ပြီး
လူကောင်အားကိုးနဲ့ ကျဲဟန်ကို
အနိုင်ကျင့်တော့တာပဲ
အခုလည်းကြည့် မနက်မိုးမလင်းသေးဘူး
အိပ်ခန်းထဲထိရောက်လာပြီး အိပ်‌ပျော်နေတဲ့သူ့ကို
မရမကလာနိုးနေ‌သည်။

"ကိုကို ထနော်
ဘေးနားမှာ လူကြီးတွေမရှိလို့
ကျွန်တော်ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်
ကိုကိုအိပ်ချင်ယောင်ဆောင်နေတာ
ကျွန်တော်သိတယ်"

အခုချိန်ထိ မထလာသေးတဲ့ကိုကို့ကို
စိတ်မရှည်တော့တဲ့ ကုန်းကျွင်းလေးဟာ
ကုတင်ပေါ်ကိုတက်လာပြီး
စောင်တွေကိုအတင်းဆွဲချတော့တယ်
ပါးစပ်ကနေလည်း
အခုချက်ချင်းထဖို့ မထရင်ကိုကို့ကိုဘာလုပ်မယ်ဆိုတာ အာမခံဘူးဘာလေးနဲ့ တောက်လျှောက်ပြောနေသေးတာ

တစ်နာရီလောက်ကြာပြီးတဲ့နောက်မှာတော့
ထမင်းစားပွဲမှာ ဆူပုပ်ပုပ်နဲ့ထိုင်နေတဲ့
ကျဲဟန်ကိုတွေ့ရမှာဖြစ်တယ်
ကုန်းကျွင်းဆိုတဲ့ ‌ကလေးငယ်‌ကတော့
ခုနကပုံစံနဲ့ မတူဘဲ
သူဘာမှမလုပ်ထားသလို ကျန်းမားမားကို
ကပ်ချွဲနေလေရဲ့
သူအဲ့ကလေးကိုမကြိုက်တာ
အဲ့အချက်လည်းပါသည်
ကုန်းကျွင်းက နှစ်ဖက်မိဘတွေရှေ့မှာဆို
ပါပီပေါက်စလေးတွေလို ဖြူစင်ပြပြီး
သူတို့နှစ်ယောက်တည်း ရှိချိန်တွေဆိုရင်
ဟက်စကီးခွေးတွေလိုမျိုး အစွယ်တငေါငေါနဲ့
အမြဲမာန်ဖီနေတတ်သည်။
ကျဲဟန်က သူ့ထက်တစ်နှစ်ကြီးပေမယ့်
ငယ်ငယ်က အပြင်းဖျားပြီးတဲ့နောက်မှာ
ခန္ဓာကိုယ်က ဘယ်လောက်ပဲစားစား
ထွားမလာတော့
ဒါကြောင့် အဲ့ကလေးက သူ့ကိုအမြဲအနိုင်ကျင့်နေတာ

"ကိုကို မနက်စာကိုမြန်မြန်စား
ဒါပြီးရင် ကျွန်တော်နဲ့ကစားကွင်းသွားရအောင်"

"ငါမအားဘူး ဒီနေ့ဟွမ်ယူမင်နဲ့
အိမ်စာအတူလုပ်မလို့"

"ကျန်းအဒေါ် ကိုကိုက သားနဲ့
ကစားကွင်းမလိုက်ဘူးတဲ့"

အီကြာကွေးကာပယ် One short CollectionTempat cerita menjadi hidup. Temukan sekarang