I still love you Ge 3

291 52 2
                                    

Unicode

"ဟန်အာ မင်းဘာလုပ်နေတာလဲ"

ကုန်းကျွင်းရဲ့အော်သံကြောင့်
လက်စွပ်ကိုကိုင်ကြည့်နေသောဟန်အာလေးသည်
လက်ကိုအမြန်အနောက်ကိုပို့လိုက်သည်။
တစ်ခါမှအအော်မခံဖူးသောကြောင့် လက်ချောင်းကလေးတွေကပါ တုန်လာပြီးနောက်မှာ
ထိုလက်စွပ်လေးဟာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားရသည်။

ထိတ်လန့်ကြောက်ရွံ့နေသော ထိုကလေးလေးသည်
ကုန်းကျွင်းကို အသနားခံ‌စွာ မော့ကြည့်လိုက်သော်လည်း
ပြန်ရလိုက်သည်က မျက်ထောင့်တွေနီရဲသော
အကြည့်စူးစူးသာဖြစ်သည်။

"ဦးဦး"

တုန်ယင်စွာထွက်လာသောအသံလေး

"ဘယ်မှာလဲ အဲ့လက်စွပ်"

မိမိရှေ့က ထိုကလေးဟာ ကြေက်ရွံနေသော်လည်း
ငိုတော့မငို ဘာကိုမှမပြောဘဲ
နှုတ်ဆိတ်၍သာနေသည်။ ကြာတော့ ကုန်းကျွင်းစိတ်တိုလာရသည်။ ပုခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်း ဆွဲရမ်းတော့ မျက်ရည်‌တွေရစ်ဝိုင်းရုံကလွဲ
မငိုပေ။

"ပြောစမ်း အဲ့လက်စွပ်ဘယ်ရောက်သွားလဲ
ဟမ် ဘာလို့ သူတစ်ပါးပစ္စည်းကို
လျှောက်ဆော့တာလဲ"

ကျဲဟန် ဌာနကိုရောက်ရောက်ချင်း အချေတင်ဖြစ်နေသံကြားလို့ အမြန်ဝင်လိုက်တော့
ဟန်အာကို စူးစူးရဲရဲကြည့်နေသော ကုန်းကျွင်းကိုတွေ့ရသည်။

"ဟန်အာ!!!!"

"ပါးပါး"

ကျဲဟန်ကိုမြင်တာနဲ့ အပြေးသွားဖို့ပြင်နေတဲ့
ထိုကလေးကို ဂုတ်ကနေဆွဲထားလိုက်သည်။
ဒါကိုမြင်တဲ့ ကျဲဟန်က ကုန်းကျွင်းလက်ထဲက
ဟန်အာကို ယူဖို့ကြိုးစားသည်။ ကုန်းကျွင်းကလည်း
ခေါင်းမာလှသည် လုံးဝလွှတ်မပေး
ကြားထဲကကလေးကို တစ်ခုခုထိခိုက်မှာစိုးတာနဲ့
ကျဲဟန်ကပဲ လက်လျော့ပေးရသည်

"မန်နေဂျာ ဟန်အာက ဘာအမှားလုပ်မိလို့လဲ"

"အော် မေးရဲသေးတာပဲ
ခင်ဗျား ကလေးရှိတယ်ဆိုလည်း
နည်းနည်းပါးပါးသင်ပေးထားသင့်တာပေါ့
သူများပစ္စည်းတွေကို လျှောက်မကိုင်ဖို့လေ"

အီကြာကွေးကာပယ် One short CollectionWhere stories live. Discover now