Unicodeကိုကို့ကိုလွမ်းနေတာဆိုပြီး
အခန်းထဲထိ အတင်းလိုက်ချလာတဲ့
ကုန်းကျွင်းကြောင့် ကျဲဟန်ရဲ့အစီစဉ်တွေအကုန်လုံးကို
ဖျက်လိုက်ရသည်။"အဟမ်း ကိုကို ရည်းစားရနေပြီလား"
ကုန်းကျွင်းမေးသာမေးလိုက်ရပေမယ့်
ပြန်ဖြေလာမယ့်အချိန်ကို ရင်တထိတ်ထိတ်နဲ့
စောင့်နေရသည်။ တစ်ကယ်လို့
ရည်းစားရှိနေတယ်ဆိုရင်တောင် အလျှော့ပေးမှာမဟုတ်ဘူး
ကိုကိုက အစကတည်းက သူ့အပိုင်ဆိုတာ
ကံကြမ္မာက သတ်မှတ်ပေးပြီးသား"ငါ့အကြောင်းတွေကို တစ်ခုမကျန်
မင်းသိနေရဲ့သားနဲ့ အပိုတွေမေးနေတာ
မင်းငါ့နောက်ကိုစောင့်ကြည့်ဖို့ လူလွှတ်ထားတာ
ငါမသိဘူးများထင်နေတာလား""ကိုကိုသိနေတာပဲ ဒါဆို မရှိဘူးပေါ့"
"အေး"
.
.
.
Mallတစ်ခုမှာကိုကို့အတွက် လက်ဆောင်သွားဝယ်ရင်း ကောင်မလေးတစ်ယောက်နဲ့
ရယ်မောနေတဲ့ကိုကို့ကိုတွေ့ပြီးတဲ့နောက်
ကုန်းကျွင်းရဲ့ စိတ်အခြေနေဟာ ကြည်လင်မှုမရှိတော့
ဖြည်းဖြည်းမှ ချစ်စကားတွေကိုဖွင့်ပြောမယ်လို့
တွေးထားပေမယ့် ဒီအတိုင်းဆို
သူနှောင့်နှေးနေလို့မဖြစ်တော့"အေ့ ကိုကို ချစ်ရတဲ့ကိုကိုရေ"
ကျန်းကျဲဟန်တစ်ယောက် ကုတင်ပေါ်ရောက်လို့
လှဲမယ်ကြံလိုက်တဲ့အချိန်မှာပဲ ကြားလိုက်ရတဲ့ထိုအသံ
ကုန်းကျွင်း ဒီကလေးကအရက်သောက်တတ်နေပြီလား
လိုက်ကာစကိုအသာလှပ်ကြည့်မိတော့
ခြံတံခါးကိုမှီထားတဲ့ပုံရိပ်ကိုတွေ့ရသည်။"ကိုကိုလို့ ထွက်ခဲ့"
ကျစ် ကောင်းကျိုးမပေးတဲ့ဟာလေး
ဂျောက်
တံခါးဖွင့်သံကို ကြားပြီးတဲ့နောက်မှာ
ညအိပ်ဝတ်စုံလေးနဲ့ထွက်လာတဲ့ လူသားကိုတွေ့ရသည်။
ကုန်းကျွင်းမဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
ဟက် သားကောင်ကတော့ ထောင်ချောက်ထဲကိုရောက်နေပြီ
အနားကိုရောက်တာနဲ့ ကောက်ပွေ့ပြီး
အသင့်စောင့်နေတဲ့ ဘေးနားကကားပေါ်တင်လိုက်သည်။
ESTÁS LEYENDO
အီကြာကွေးကာပယ် One short Collection
RomanceUnicode အပိုင်းတိုင်းလိုလိုမှာ အချိန်တိုင်း Roမှာမို့ ဘဲမရှိပါက ဒီပျက်ရှင်အကြီးအကျယ်ရနိုင်သည်🌚 Zawgyi အပိုင်းတိုင်းလိုလိုမှာ အချိန်တိုင်း Roမှာမို့ ဘဲမရှိပါက ဒီပျက်ရှင်အကြီးအကျယ်ရနိုင်သည်🌚