Koko is mine Final

350 62 5
                                    

Unicode

"ကုန်းကျွင်း မင်းဘယ်လိုလုပ်လိုက်တာလဲ
ငါအခု ကျဲဟန်ရဲ့မိဘတွေကို
ဘယ်လိုမျက်နှာပြရတော့မလဲ"

"ကျွန်တော်က ကိုကို့ကိုပဲ လက်ထပ်မှာနော် ပါးပါး"

"မင်းကအခုမှ အထက်တန်းပဲပြီးသေးတာလေ
အခုချက်ချင်းလက်ထပ်လို့မရဘူး
ကျောင်းပြီးအောင်ဆက်တက်ပြီးမှလက်ထပ်ရမယ်
ကျဲဟန်ဘက်ကလည်းလက်ခံမှ"

"ပါးးးးး
ကျောင်းပြီးဖို့ဆို အကြာကြီးစောင့်ရဦးမှာ
ကျွန်တော်မစောင့်နိုင်ဘူး"

ရှေ့မှာဒူးထောက်ပြီး ကျဲဟန်နဲ့လက်ထပ်ဖို့
တောင်းဆိုနေတဲ့ သူတို့သားလေးကိုကြည့်မိပြီး
သူမသက်ပြင်းမောသာချမိသည်။
ငယ်ငယ်လေးကတည်းက နှစ်ဖက်မိသားစုဆုံတိုင်း
ကျွန်တော်က ကြီးလာရင် ကိုကို့ကိုလက်ထပ်မှာလို့
ပြောခဲ့တာကို စနောက်တယ်ပဲထင်ခဲ့ပေမယ့်
အခုလိုတစ်ကယ်လုပ်လိမ့်မယ်လို့ မထင်ခဲ့မိပေ။
သူတို့သားလေးက ကျဲဟန်ကိုဆို တအားခင်တွယ်လွန်းတယ်
ဒါက သူ့မှာအစ်ကိုမရှိတာကြောင့်လို့ သူမ‌မြင်ခဲ့မိတာ
အခုတော့ သူတို့သားလေးက ကျဲဟန်ကလွဲရင်
ဘယ်သူ့ကိုမှ လက်မထပ်မပါဘူးတဲ့လေ

"သား ကျွင်းကျွင်း
ကျဲဟန်လေးကသားကို လက်ခံရဲ့လား"

"ဘာလို့လက်မခံရမှာလဲ မားကလည်း
ငယ်ငယ်က ကိုကိုကတိပေးထားပြီးသား
သားကိုလက်ထပ်မယ်လို့"

"ငယ်ငယ်ကစကားတွေကို အတည်ယူလို့ဖြစ်မလား"

"ဘာလို့မရရမှာလဲ
မားးးလို့ ကျန်းအဒေါ်ကိုလိုက်ပြောပေး
ကိုကိုနဲ့သဘောတူဖို့ နော်"

သူမခင်ပွန်းကိုကြည့်မိတော့လည်း
သဘောမတူတာမဟုတ်ဘဲ ကလေးတွေက ငယ်သေးလို့
အချိန်ခဏလောက် စောင့်စေချင်တဲ့ပုံပင်
သူမဘက်ကလည်း သဘောမတူစရာမရှိပေ
ကျဲဟန်လေးနဲ့သာဆို သားကိုစိတ်ချရသည်။
သူမတို့သားလိုလူဆိုးလေးကို သည်းခံနိုင်တာ
ကျဲဟန်ကလွဲပြီး မရှိပေ။

"သားရယ် ပါးပါးပြောတဲ့အတိုင်း
ကျောင်းပြီးမှလက်ထပ်လိုက်ပါလား
သားတို့က အခုငယ်သေးတယ်လေ"

အီကြာကွေးကာပယ် One short CollectionDonde viven las historias. Descúbrelo ahora