I still love you Ge 2

269 53 7
                                    


Unicode

ကုန်းကျွင်း ဌာနကိုရောက်တော့ အခန်းထဲမှာ
ကလေးတစ်‌‌ယောက်ရှိနေသည်။
Hello kitttyအရုပ်လေးတွေပါတဲ့ ပန်းရောင်ဂါဝန်လေးကိုဝတ်ထားသည်။ ဆံပင်လေးက
ဂုတ်ပေါ်မှာဝဲကျနေသည်။ ပါးဖောင်းဖောင်းလေးနှစ်ဖက်က
ရဲတွတ်နေသည်မှာ စတော်ဘယ်ရီလေးတွေအတိုင်းပင်
မျက်လုံးတွေက
ကြယ်ရောင်တောက်တောက်လေးတွေလိုဖြစ်သည်။
နှုတ်ခမ်းပါးတွေက အင်း သူနဲ့ခပ်ဆင်ဆင်
သူ့ကိုမြင်တော့ စားပွဲခုံနောက်မှာ ပြေးပုန်းသည်။
ကုန်းကျွင်း ထိုစားပွဲဆီသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။

"ကလေးလေး ဘယ်သူနဲ့လိုက်လာတာလဲ"

ကုန်းကျွင်း အောက်ထိုင်ချပြီး မေးသည်အထိ
ဒူးနှစ်ဖက်ပေါ်မှာ မှောက်ထားတဲ့ခေါင်းလေးက
မော့မလာသေး။

"ဦးဦးက မင်းကို ကိုက်မစားပါဘူး
ကလေးက ချစ်ဖို့ကောင်းလို့ ဦးဦးနဲ့သူငယ်ချင်းလုပ်မလား"

ခေါင်းလုံးလုံးလေက မရဲတရဲမော့လာပြီး
‌ခေါင်းညိတ့်ပြသည်။ ဝဲကျနေတဲ့ဆံပင်လေးတွေကို
နားနောက်ညှပ်ပေးတော့ ရှောင်သည်။

"ဆံပင် ကိုင်တာ မကြိုက်ဘူးလား"

အစ်ကိုလည်း ဆံပင်ကိုင်ခံရတာကိုမကြိုက်ဘူး
ဒါပေမယ့် ကုန်းကျွင်းကတော့ အမြဲအဲ့ဆံပင်တွေကို
ကိုင်ဆော့နေကျဖြစ်သည်။

"နာမည်ဘယ်လိုခေါ်လဲ"

"ဟန် ဟန်အာပါ လေးနှစ်ရှိပါပြီ"

လက်လေးချောင်းထောင်ပြီး ပြောနေတဲ့ ကလေးလေးက
ချစ်ဖို့ကောင်းသည်။
စတော်ဘယ်ရီရောင်ပါးလေးနှစ်ဖက်ကို ဆွဲကြည့်တော့
နူးနူးညံ့ညံ့လေးဖြစ်နေသည်။

"ဟယ် ဟန်အာလေး"

အခန်းထဲကိုဝင်လာတဲ့ ဌာနရဲ့စီနီယာအကျဆုံး
အစ်မဝမ်ကိုမြင်တော့ ဟန်အာက သူမဆီပြေးသွားသည်။

"အစ်မဝမ် ဒါအစ်မကလေးလား"

"အော် မန်နေဂျာရှိနေတာပဲ
ဟန်အာလေးက ကျဲဟန်သမီးလေးလေ"

ကုန်းကျွင်းမျက်ဝန်းတွေ အဆမတန်ပြူးကျယ်သွားရသည်
ခုနက ဟန်အာပြောတာလေးနှစ်ရှိပြီတဲ့
သူပညာတော်သင်သွားတဲ့အချိန်က လွန်ခဲ့တဲ့ငါးနှစ်က
တွက်ကြည့်ရင် သူထွက်သွားပြီးပြီးချင်းပဲ
ကျန်းကျဲဟန်က လက်ထပ်လိုက်တာ ဖြစ်နိုင်သည်။
ဒါနဲ့များ သူလက်ထပ်ခွင့်တောင်းတုန်းက
လက်ခံခဲ့သေးသည်။ သူ့မိဘတွေပြောသလိုပင်
သူ့အနားကို ငွေတစ်ခုတည်းကြောင့်ချဉ်းကပ်ခဲ့တာ
ဖြစ်နိုင်သည်။

အီကြာကွေးကာပယ် One short CollectionWhere stories live. Discover now