Unicode
အကြာကြီးကြာသွားမှ အပ်ပေးလိုက်ရလို့သွေ့ပုချီ🥺
မျှော်နေတဲ့သူတွေလည်း စောင့်နေပေးကြလို့
ကျေးဇူးအများကြီးတင်ပါတယ်😘😘🍓🍓🍓🍓🍓🍓🍓
"ကျန်းကျဲဟန် အဲ့ကောင်တွေနဲ့
စကားပြောတာမကြိုက်ဘူးလို့ပြောထားတာ
ကျွန်တော့်စကားကိုမလေးစားတာလား""ကျန်းကျဲဟန် နောက်တစ်ခါအဲ့ဆိုင်မထိုင်နဲ့
ဆိုင်ကကောင်မလေးတွေ ခင်ဗျားကိုကြည့်နေတာ
မျက်လုံးပေါက်ထွက်မတက်ပဲ""ကျန်းကျဲဟန် အဲ့အိင်္ကျီမဝတ်နဲ့
ခင်ဗျားကိုယ်နဲ့ကပ်ချပ်နေတာ""ကျန်းကျဲဟန် Weiboမှာပုံတွေထပ်တင်ပြန်ပြီလား
ကျွန်တော်မကြိုက်ဘူး"နေ့စဉ်နဲ့အမျှ သူ့နာမည်အစချီကာ
ကြားနေရတဲ့ထိုစကားတွေ...
တစ်စုံတစ်ယောက်ကများသူ့ကိုစိုက်ကြည့်ရင်
လက်ကိုဆွဲကာ သူ့နောက်ကိုပို့ပစ်တတ်တဲ့
ကုန်းကျွင်းကြောင့် ကျဲဟန်တောင်းပန်ရပေါင်းလည်းမနည်း.
သို့ပေသိ ဒင်းလေးကတော့
ခင်ဗျားကိုစိတ်မချလို့ ချစ်လို့ သဝန်တိုလို့ဆိုတာတွေနှင့်
ကျန်းကျဲဟန်ကို ချွေးသိပ်တတ်သည်။အခုလည်းကြည့်
စူပါမားကတ်မှာ သူတို့နှစ်ယောက်
အသားကင်လုပ်ဖို့အတွက် လိုအပ်တာတွေ
လာဝယ်တုန်းမှာ ကျဲဟန်ရဲ့
တက္ကသိုလ်ကစီနီယာနှင့်တွေ့လို့ နှုတ်ဆက်နေတာကို
ဘေးကနေစူစောင့်နေတဲ့ကုန်းကျွင်းရယ်လေ
ဈေးဝယ်ခြင်းကိုပစ်ချလိုချနဲ့
တစ်ခါတစ်လေများ ကျဲဟန်လက်ကိုဆောင့်ဆွဲလိုက်နဲ့
စကားကောင်းကောင်းပြောမရအောင်
အမျိုးမျိုးနှောင့်ယှက်နေသည်။
ကျဲဟန့်မှာ စီနီယာနဲ့စကားစအမြန်ဖြတ်လိုက်ရသည်။"ကုန်းကျွင်း မျက်နှာကိုပြင်စမ်း
ဘေးမှာလူတွေနဲ့ ""ဘာလဲ ရှက်လို့လား
ဒီလောက်လေးနဲ့ကျွန်တော့်ကိုစိတ်ပျက်နေပြီပေါ့
ကျွန်တော်သိပါတယ် ခင်ဗျားကျွန်တော့်ကိုမ..."နှုတ်ခမ်းကိုထော်ပြီး စကားတွေဆက်တိုက်ပြောဖို့ပြင်နေတဲ့
ကုန်းကျွင်းပါးစပ်ကို ကျဲဟန်
လက်နဲ့အမြန်ပိတ်လိုက်ရသည်။
သူ့ထက်ငယ်တဲ့သူကိုချစ်သူအဖြစ်တော်ထားရတော့လည်း
ကျဲဟန်မှာ အစစအရာရာလိုက်ထိန်းပေးရသည်။
ဇွတ်တရွတ်နိုင်လွန်းတဲ့ ကုန်းကျွင်းကြောင့်
စိတ်ညစ်ရတဲ့အချိန်တွေရှိပေမယ့်လည်း
ကုန်းကျွင်းအပေါ်ထားတဲ့ ကျဲဟန့်အချစ်တွေက
ဘယ်တော့မှ လျော့သွားတယ်ရယ်လို့မရှိ။
ဒါကို ဒင်းလေးက အလိုမကျတိုင်း
ခင်ဗျား ကျွန်တော့်ကိုမချစ်တော့ဘူးနဲ့
ဂျီတိုက်နေကျ။
YOU ARE READING
အီကြာကွေးကာပယ် One short Collection
RomanceUnicode အပိုင်းတိုင်းလိုလိုမှာ အချိန်တိုင်း Roမှာမို့ ဘဲမရှိပါက ဒီပျက်ရှင်အကြီးအကျယ်ရနိုင်သည်🌚 Zawgyi အပိုင်းတိုင်းလိုလိုမှာ အချိန်တိုင်း Roမှာမို့ ဘဲမရှိပါက ဒီပျက်ရှင်အကြီးအကျယ်ရနိုင်သည်🌚