Koko is mine 2

305 52 0
                                    

Unicode

အညိုဖျော့ရောင်တံခါးလက်ကိုင်လေးကို
အသာတွန်းဖွင့်ပြီး အခန်းထဲကိုဝင်သွားလိုက်သည်
ဒါကုန်းကျွင်းအခန်းထဲကို
ပထမဦးဆုံးအကြိမ် ရောက်ဖူးတာပင်
ယုန်တွေကိုသဘောကျတဲ့ ကလေးရဲ့
ကုတင်ပေါ်မှာ ယုန်ပုံစံအရုပ်မျိုးစုံကို
တွေ့ရသည်။
တစ်ခန်းလုံးကိုဝေ့ဝဲကြည့်သော်လည်း
အနှီကလေးကိုမတွေ့
ကုတင်ဆီအကြည့်ပို့မိမှ ခပ်မို့မို့ဖြစ်နေသော
ဂွမ်းစောင်အပုံလိုက်ကို သတိထားမိသည်။
အနားသို့သွားပြီး စောင်ကိုခွာမည်အလုပ်
အသံပုစိလေးထွက်လာသည်။

"မား သားမသောက်ချင်ဘူးဆိုနေ"

ကုန်ကျွင်းတစ်ယောက် ဘာအသံမှမကြားရတာကြောင့်
စောင်ပုံထဲမှထွက်ပြီး
အပြင်ကိုခိုးကြည့်မိတော့
ဆေးခွက်ကိုင်ထားတဲ့ ကိုကို့ကိုတွေ့ရသည်။
မျက်နှာလေးက ပြုံးရိပ်သန်းလာပြီး
တစ်ခုခုကိုသတိရဟန်နဲ့ ဟိုဘက်ကို
ချက်ချင်းလှည့်သွားသည်
ကစားကွင်းမှာတုန်းက ကိုကိုထားသွားတာနဲ့ပတ်သက်ပြီး
အခုထိစိတ်ခုနေသေးသည်

"ကျွင်းကျွင်း"

ပထမတစ်ခါခေါ်တော့ လှည့်မကြည့်လာသေး

"ကျွင်းကျွင်း"

ဒုတိယတစ်ကြိမ်မှာလည်း လှုပ်ရှားမှုမရှိတဲ့
ထိုကလေးပေါက်စ

ချက်ချင်းကုတင်နားကိုသွားပြီး
ဆွဲထူလိုက်တော့ ထငိုသည်

"အာ မငိုရဘူးလေ
တိတ် တိတ် ဆေးက နည်းနည်းပဲခါးတာ
ဒီမှာ သကြားလုံးပါတယ်
ကိုကိုက ဆေးသောက်ပြီးရင်
ဒါကျွေးမယ်လေနော်"

ကုန်းကျွင်းတစ်ယောက် တငိုတာနဲ့
ကျန်းကျဲဟန်မှာ ပျာယာခက်သွားရသည်။
အဲ့ကလေးက သူရှေ့မှာငိုတာ
ဒါပထမဆုံးပင် သူငေါက်လိုက်တဲ့အချိန်တိုင်း
ထွက်သွားတတ်ပြီး
နောက်တစ်နေ့ရောက်တာနဲ့
အရင်အတိုင်းပြန်ရောက်လာနေကျ

"လာ လာ ကိုကို့ဆီလာ
ဆေးသောက်ရအောင်နော်
ကျွင်းကျွင်းနေကောင်းပျောက်ရင်
ကစားကွင်းထပ်သွားပြီး
ပင်လယ်ဓားပြ အတူစီးမယ် ဟုတ်ပြီလား"

"ကိုကို"

"အင်း ပြော"

"တစ်ကယ်လို့ ဆေးသောက်ရင်
ကျွင်းကျွင်းကို အလိုလိုက်မှာလား"

အီကြာကွေးကာပယ် One short CollectionNơi câu chuyện tồn tại. Hãy khám phá bây giờ