Unicode
"ဒီမှာ အစ်ကိုလေးစုံစမ်းခိုင်းတာ ရပါပြီ"
"အဲ့ပေါ်တင်ခဲ့လိုက်"
ထိုလူထွက်သွားတာနဲ့ ကွန်ပြူတာကိုပိတ်ကာ
ဖိုင်တွဲတင်ထားသော စားပွဲဆီသို့ထလာလိုက်သည်။
လက်စွပ်ပျောက်တဲ့နေ့က အစ်ကို့ပုံကိုတွေ့ပြီးတဲ့နောက်
ကုန်းကျွင်းအခုလို အစ်ကို့အကြောင်းတွေကို
စုံစမ်းကြည့်ဖို့ ဖြစ်လာသည်ပင်။
သူမသိခဲ့တဲ့ အစ်ကို့ရဲ့အတိတ်တွေထဲမှာ
တစ်ခုခုကွယ်ဝှက်ထားတာ ရှိနေနိုင်သည်။
ထိုနေ့က သူ့လက်ကိုလှမ်းဆွဲလိုက်တဲ့အချိန်မှာ
အစ်ကို့ဆီမှာ နောင်တတရားအနည်းငယ်ကို
ရှာတွေ့ခဲ့သည်။ ဒီလက်စွပ်ကို အစ်ကိုမမှတ်မိဘဲမနေ
ဒါဆိုဘာလို့ ရောင်းခဲ့ရတာလည်းက စဉ်းစားစရာပင်
မားပြောခဲ့တာ အစ်ကိုက
သူကမ်းလှမ်းတာကို လက်ခံခဲ့တယ်ဆိုပြီး
ဒါဆိုဘာလို့ အစ်ကိုက ငွေလိုရတာလဲ
နောက်ပြီ လက်စွပ်ရောင်းတဲ့အချိန်ကလည်း
သူထွက်သွားပြီး ၈လအကြာမှာဖြစ်သည်။မျက်စိရှေ့က ဖိုင်တွဲကိုကောက်ကိုင်လိုက်သည်။
စိတ်လှုပ်ရှားမှုက ပြောမပြတတ်အောင်ဖြစ်သည်။
သူမျှော်မှန်းသလိုတော့ မဟုတ်လောက်ဘူးမလားပထမဆုံး စာရွက်တစ်ရွက်ကိုထုတ်ကြည့်တော့
ဆေးမှတ်တမ်းတွေဖြစ်သည်။
လူနာအမည်နေရာမှာ ကျန်းကျဲဟန်လို့ရေးထားသည်
ဆက်ကြည့်မိတော့ ကုန်းကျွင်းမယုံနိုင်ဖြစ်သွားသည်။
အစ်ကိုက တစ်ကယ်ပဲလုပ်ခဲ့တာလား အဲ့တာကိုလေ
ကုန်းကျွင်းရဲ့ စကားတစ်ခွန်းတည်းနဲ့
ခက်ခဲလှတဲ့ ဒီအရာကိုလုပ်ခဲ့သည်။
ကျန်နေတဲ့ဟာတွေကို ဆက်မကြည့်တော့ဘဲ
အစ်ကိုရှိရာနေရာဆီသို့ အမြန်ထွက်လာခဲ့သည်။~~~~~~~~~~~~~~~
တင်း တောင်
ညကြီးအချိန်မတော် ထမြည်လာသော ဘဲလ်သံကြောင့်
ညစာစားဖို့ပြင်နေသော
သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသည်
ဒီမှာနေလာတဲ့တစ်လျှောက် ပထမဆုံးလာတဲ့ဧည့်သည်ဖြစ်သည်။"ဟန်အာ ထိုင်နေ ပါးသွားဖွင့်လိုက်မယ်"
တံခါးရှေ့မှာ မောဟိုက်နေတဲ့ ကုန်းကျွင်းကို
တွေ့ရသည်။
အသက်ရှူပုံမှန်ပြန်ဖြစ်လာတဲ့အချိန်ထိ
စောင့်ပေးရသေးသည်။
YOU ARE READING
အီကြာကွေးကာပယ် One short Collection
RomanceUnicode အပိုင်းတိုင်းလိုလိုမှာ အချိန်တိုင်း Roမှာမို့ ဘဲမရှိပါက ဒီပျက်ရှင်အကြီးအကျယ်ရနိုင်သည်🌚 Zawgyi အပိုင်းတိုင်းလိုလိုမှာ အချိန်တိုင်း Roမှာမို့ ဘဲမရှိပါက ဒီပျက်ရှင်အကြီးအကျယ်ရနိုင်သည်🌚