Part (2)

67.4K 4.8K 206
                                    

Zawgyi

ငါမပြီးဆုံးနိုင်တဲ့အိမ်မက်ရှည်ကြီးတစ်ခုကိုမက်ခဲ့တယ်။

မောင်နဲ့ ငါက တစ်ယောက်မရှိရင်တစ်ယောက်မရှင်သန်နိုင်ဘူးတဲ့လေ။

လက်တွေ့မှာသာ ငါမျှော်လင့်သလို ထပ်တူအချိုးကျခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

ညို့အအေးမိတာကနှစ်ရက်နီးပါးကြာသည်။ ဒေါ်ဝင်းနှင့် မောင့်မေမေက ညို့နေမကောင်းမချင်း အနားမှာနေပေးသည်။ အနားမှာနေပေးသူကသာ မောင်ဖြစ်ခဲ့မယ်ဆိုရင်ညို့ရောဂါက တစ်ဝက်လောက်သက်သာနိုင်သည်။ ကိုယ်ချစ်တဲ့သူဆီက ဂရုစိုက်မှုကို လူတိုင်းမျှော်လင့်တတ်ကြတာပဲ။ ဒေါ်ဝင်း ပြောပြသလောက်ကတော့ ညို့သတိလစ်နေတုန်းက သူအိမ်ပြန်လာသေးသည်တဲ့။ အခုတော့ ညို့နိုးလာတာနဲ့ အရင်ဆုံးမြင်ရတာ သူ့မျက်နှာမဟုတ်။ သေချာပေါက် သူ့အဆက်နဲ့ သွားတွေ့တာပဲ ဖြစ်ရမည်။

" အမေ မောင်ရော "

ဒေါ်လေးနွယ်ရွှေက ညို့ကိုအဖျားစမ်းကြည့်ရန် အနားလာထိုင်သည်။ အဖျားငွေ့ငွေ့ကရှိနေသေးသည် ၊ ပြီးတော့ ဒီကလေးနိုးလာတာနဲ့ တည်မြဲကိုမေးမည်ဆိုတာလည်းသူမသိနေသည်။ ဒီကောင်လေးက သားဖြစ်သူကိုဘယ်လောက်သံယောဇဉ်ရှိမှန်း ဘေးကလူကတောင်သိနိုင်သည်လေ။

" အစည်းအဝေးရှိလို့အလုပ်သွားတယ် သားဆန်ပြုတ်လေးသောက်လိုက်နော် "

" ဟုတ်ကဲ့ "

အစည်းအဝေးဆိုမှ ညို့လည်းဆိုင်ကို ပစ်ထားတာနှစ်ရက်ရှိပြီဆိုတော့ ခိုင်ဇော်တစ်ယောက်ဘယ်လိုများရုန်းကန်နေရမယ်မသိ။ စားသောက်ဆိုင်တွင် အလုပ်သမားတွေကိုကြီးကြပ်မယ့် managerက ညို့ကိုယ်တိုင်ခန့်ထားတာဖြစ်၍ စိတ်ချရသည်။ ပြန်ပြီးနလန်ထူရင်တော့ ဆိုင်ကိုပြန်သွားရဦးမယ်။ မောင့်အကြောင်းတွေးပြီး ငါ့မှာဝမ်းနည်းချိန်မရှိအောင် ငါအလုပ်ကိုပိုလုပ်ရမယ် ၊ ငါသာအလုပ်မှာအာရုံစိုက်နိုင်ရင် မောင်ကငါ့အတွေးထဲရောက်လာမှာမဟုတ်တော့ဘူး။

အားပြန်ဖြည့်သည့်အနေနဲ့ သူဝင်နိုင်သမျှစားသည်။ အစာအိမ်ကမခံနိုင်ရင် ပြန်အန်ထုတ်သည်။ ချာလည်ရိုက်နေပြီး ထူထူထောင်ထောင်ဖြစ်လာတော့ ဆိုင်ကိုသွားကြည့်ဖို့ ပြင်ဆင်ပြီးအောက်ဆင်းလာလိုက်သည်။ ဒေါ်ဝင်းပြင်ပေးတာစားရင်း အပေါ်ထပ်ကဆင်းလာသံကြားလိုက်ရ၏။ မောင်က ညို့ကိုတစ်ချက်ကြည့်ကာ အရှေ့မှာဝင်ထိုင်၏။ ညို့ နေမကောင်းဖြစ်ထားတာကြောင့် စကားလည်းမပြောချင်ပါ ပြောချင်စိတ်လည်းရှိမနေ ၊ အဲ့ဒီမျက်နှာကိုကြည့်မိရင် လူကအလိုလို အားငယ်လာတာကြောင့်ဖြစ်သည်။

ASTILLBE (Completed)Where stories live. Discover now