Extra (9) Final

46.6K 2K 103
                                    

Zawgyi

" ရောက်လာပြီလား ဟင် keyက ဘယ်လိုဖြစ်တာလဲ မောင်နဲ့တစ်နေ့တည်း တရားစခန်းဝင်ပေမယ့် ဘယ်လိုဖြစ်ပြီး "

" ဘယ်လိုဖြစ်ရမှာလဲ အကိုရေ ဒီကောင်ပေါ့ဗျာ နေ့တိုင်းတစ်ရက်မပျက် ကြည်ညိုလို့ပါဆိုပြီး အချိန်တိုင်း နောက်ကလိုက်နေတာ ကျွန်တော် သာသနာ့ဘောင်ဝင်ပြီးသုံးရက်ပဲရှိသေးတယ် ကျောင်းထိုင်ဘုန်းကြီးကို လူဝတ်လဲပေးဖို့သွားလျှောက်တာ ကျောင်းထိုင်က တံတွေးခွက်နဲ့ပေါက်လို့ ဘုန်းကြီးကျောင်းကိုလာခွင့်မရတော့ဘူး ကြာတော့ ကျောင်းထိုင်လည်း စိတ်မရှည်တော့ဘူးလေ အဲ့ဒါနဲ့ တစ်ပတ်ပြည့်တော့ လူထွက်ခဲ့ရတယ် "

" ဟို ကိုယ်မှားပါတယ် နောက်ဆို အဲ့လိုမလုပ်တော့ဘူး "

ညို့က အံ့သြတကြီးကြည့်နေ၏။ အင်း တစ်ယောက်နဲ့တစ်ယောက်ကတော့ ဘယ်တူပါ့မလဲ။ မောင်တစ်ယောက်ရော အဆင်ပြေရဲ့လားမသိဘူး။ အာရုံပျက်မှာစိုးလို့ ဆွမ်းလောင်းတာ လှူတာကအစ မောင်မမြင်အောင် လှူရသည်။ တရားထိုင်တယ် ဆိုတာကလည်း အပူအပင်မရှိမှ စိတ်အေးချမ်းတာ။ Keyက ညို့တွေးနေတာကို ခန့်မှန်းမိသည့်အလား။

" ကိုတည်မြဲက အဆင်ပြေပါတယ် စိတ်အေးချမ်းဖို့ အာရုံစိုက်ပြီးတရားထိုင်တယ် နဂိုတည်းက စည်းကမ်းရှိတဲ့လူမို့ထင်တယ်  ကိုတည်မြဲက တစ်နေ့ကို ငါးနာရီဆက်တိုက် တရားထိုင်နိုင်တယ် ကျွန်တော်ကတော့ ခန္တာကိုယ်ကနာကျင်တာကို မရှုနိုင်လို့ထင်တယ် အကြာကြီးတရားမထိုင်နိုင်ဘူး တတ်နိုင်သလောက်တော့သည်းခံပေမယ့် ခြေထောက်တွေက အထိအတွေ့မရှိအောင်ထုံကျင်ပြီး အကြောတွေပါ နာလာလို့ လုပ်နိုင်သလောက်ပဲ လုပ်ခဲ့တယ် "

" အမေဆုံးတော့ မောင်က အရမ်းပူလောင်နေခဲ့တာ အသက်တွေက ငယ်တော့တာမဟုတ်တော့ ဘုရားတရားလုပ်တာကောင်းပါတယ် အကိုလည်း ကလေးတွေရှိနေလို့ တရားစခန်းမဝင်တာ "

" အကို့အဖေဆီကို ပို့ထားလည်းရတာပဲ သူတို့တွေတစ်ခါမှ ပြည်ပမသွားဘူးသေးဘူးမလား "

" အင်း စဉ်းစားကြည့်လိုက်ပါဦးမယ် "

" အင့်! ကောင်းကောင်းနော် ငယ့်ပါးကိုမညှစ်နဲ့လို့ "

ASTILLBE (Completed)Where stories live. Discover now