Part (10) ( လိုအင်ဆန္ဒက စိတ်ကိုလောင်ကျွမ်းစေတယ် )

62.9K 4.3K 322
                                    

Zawgyi

မောင်မြတ်သူရိန် + မကြည်နူးရိပ် တို့၏မင်္ဂလာပွဲ။

မေမေလက်ဖွဲ့ခိုင်းသည့် ဆယ်သိန်းနှင့်အတူ ညို့တို့နှစ်ယောက်ပေါင်း ငါးသိန်းနှင့် စုစုပေါင်းဆယ့်ငါးသိန်းကို လက်ဖွဲ့အဖြစ် ပေးခဲ့ပြီး အထဲဝင်လာခဲ့သည်။ ဒါတောင် မောင်က တစ်ပြားမှလက်ဖွဲ့ချင်တာမဟုတ်။ မောင်နဲ့သူ့ညီက ကမ္ဘာ့ရန်ဘက်တွေဟုပြောရလောက်အောင်ပင်မတည့်ကြပေ။ မောင်က သူ့ညီကို ဆိုရင် တစ်စက်မှစေတနာမရှိ။ တစ်ခါတစ်လေ မောင်က သူ့ညီကို "​မေတ္တာတုံး ၊ စေတနာတုံးလေး " ဟုခေါ်တတ်သည်။ ကြယ်ငါးပွင့်ဟိုတယ်တွင်ပြုလုပ်သည့်မင်္ဂလာပွဲဖြစ်တာကြောင့် စည်ကားလျက်ရှိသည်။ ဝင်ပေါက်တွင် အန်တီမိုးနှင့်တွေ့တော့ အန်တီမိုးက ဝမ်းပန်းတသာနှင့် ညို့တို့ကို လာကြို၏။

" ရောက်လာကြပြီပဲ အထဲဝင် သားတို့ အန်တီကသားတို့ကိုစောင့်နေတာ ၊ နွယ်က အန်တီ့ကိုမနေ့ညတည်းကဖုန်းဆက်ပြောထားတယ်လေ ၊ နွယ့်ကျန်းမာရေးကြောင့်လာလို့မရပေမယ့် ကလေးတွေကတော့ မန္တလေးရောက်နေတာကြောင့် သူတို့ကိုအစားတတ်ခိုင်းလိုက်တယ်တဲ့ "

" ဟုတ်ကဲ့အန်တီမိုး နေကောင်းကြတယ်မလား အန်တီမိုးကတော့ နုပျိုပြီး အမြဲလှနေတော့တာပဲဗျာ "

ကေသီမိုးက သူ့အရှေ့မှ ကောင်လေး၏ ပါးလေးကိုညှစ်လိုက်လေသည်။ ဒီကလေးက ငယ်ငယ်ကလိုပဲ ချစ်စရာကောင်းတုန်း။ လူကြီးတွေကိုဘယ်လိုပြောဆိုတုန့်ပြန်ရမလည်း သိသည်။ စကားကလည်းတတ်ပြီး ချစ်မွှေးလေးဖြစ်တာကြောင့် ကေသီမိုးတို့မိသားစုကလည်း ချစ်ကြသည်။ နွယ်ဆို သူ့သမက်လေးတော်ကြောင်း အမြဲပြောပြနေတာ။

" အဟင်း ဘယ်သူကတူအရင်းလည်း အန်တီမိုး ၊ အန်တီမိုးရော မေမေရော အရမ်းတွေကဲကဲသည်းသည်းနော် ကြာတော့ မျက်စိဆံပင်မွှေးစူးလာပြီ တော်တော်ချစ်နေတယ်ဟုတ်လား "

" အမလေး ချစ်အောင်နေတတ်လို့ချစ်တာပေါ့ကွယ် မင်းကတော့အရင်အတိုင်းမပြောင်းလဲဘူး နွယ်ကတော့မင်းအကြောင်းမပါမဖြစ်ကိုပြောတယ် "

" ချီးကျူးစကားတွေလား "

ကေသီမိုးက မျက်စောင်းထိုးသည်။ ပြောရရင် တူဖြစ်သူနဲ့ ဒီကလေးကို သဘောမတူချင် ၊ တူဖြစ်သူကဆိုးသွမ်းလွန်းလို့ ညို့လိုလိမ္မာတဲ့ကလေးမျိုးကို သူ့လက်ထဲထည့်မပေးချင်တာ။ ကေသီမိုး၏ သမီးအကြီးမသာ အရင်အိမ်ထောင်ကျမသွားရင် ညို့လေးနဲ့ပေးစားမိမှာသေချာပါသည်။

ASTILLBE (Completed)Where stories live. Discover now