Zawgyi
GF4 ၏ စံအိမ်တော်ကြီးထဲသို့ဝင်ရောက်လာသော ကားအနက်လေး။ လေ့ကျင့်ရေးကွင်းပြင်နှင့် အဆောင်များစွာက တစ်ဖက်ခြမ်းတွင် သီးသန့်တည်ရှိနေ၏။ GF4သို့ဝင်ရောက်သူများနေထိုင်ရန် တည်ဆောက်ထားသည့် ထည်ဝါသောအဆောက်အအုံကြီးဖြစ်သည်။ GF4၏ စည်းကမ်းများက တင်းကြပ်သေည်ညား အကျိုးခံစားခွင့်ရှိသည့်နေရာတစ်ခုလည်းဖြစ်သည်။ အများစုက GF4တွင် နေပျော်ကြ၏။ အနည်းစုက လေ့ကျင့်ရေးပြီးဆုံးအောင်အထိ သည်းမခံနိုင်ကြပေ။
ကားအနက်ထဲမှဆင်းလာသူသည် ဂုတ်ထောက်နေသောဆံပင်များကို စည်းနှောင်ထားသော်လည်း ဆံပင်တစ်စွန်းတစ်စက လျော့တိလျော့ရဲ။ လည်သာဂျာကင်အညိုရောင်ကို ပန့်အနက်ရောင်ဖြင့်တွဲဝတ်ထားသည်။ နေကာမျက်မှန်အနက်ရောင်အောက်က မျက်လုံးများက အေးတိအေးစက်။ ထိုလူငယ်ကိုသိသောသူများက ခေါင်းငုံ့ထားကြသလို မသိတဲ့လူသစ်များကတော့ ငေးကြည့်နေကြသည်။ ထိုလူငယ်၏နှုတ်ခမ်းများတင်းတင်းစေ့ထားသည်က စိတ်မရှည်ကြောင်းကိုပြသနေသည်။ ခြေလှမ်းများက သွက်လက်နေပြီး အလျင်လိုနေပုံရသည်။
နေ့လည်စာစားသည့်နေရာက ဟောခန်းကြီးဖြစ်ကာ စားပွဲရှည်များကို တန်းစီကာချထား၏။ လေ့ကျင့်ရေးကျောင်းသားများ သည့်အလှည့်ကျ စားစရာများကိုတန်းစီကာယူနေကြသည်။ ထိုအထဲတွင် Keyလည်းအပါအဝင်ဖြစ်သည်။ Key ထမင်းဗန်းကို ယူကာပြန်လှည့်အထွက် ခြေထိုးခံလိုက်ရတာကြောင့် လဲကျသွားရသလို ဗန်းထဲမှစားစရာများလည်း ပြုတ်ကျကုန်သည်။ အစားအသောက်က တစ်ယောက်ကိုတစ်ခါပဲယူခွင့်ရှိတာဖြစ်သည်။ Key ဒေါသထွက်သွားပေမယ့် ဘယ်သူလည်းဆိုတာသိနေလေတော့ ပြန်တုန့်မပြန်မိပေ။ Keyက အခုမှရောက်လာသည့် လူသစ်။ အရင်ကလူဟောင်းတွေကို ဘာလုပ်နိုင်မှာမို့လို့လဲ။
" ကျွတ်စ် သနားစရာပဲ ဗန်းလေးတောင် သေချာမကိုင်နိုင်တာ ယောကျာ်းမဟုတ်ဘူးလား ဟေ့ကောင် ၊ ဒီနေရာကို ဘယ်လိုနေရာမှတ်လို့ ဝင်လာရတာလဲ ၊ မင်းလို အသုံးမကျတဲ့ကောင်ကို GF4ကလက်ခံလိုက်တာ မျက်စိရှန်းတာပဲနေမယ် "
" အဲ့တော့ ယီးဖြစ်လို့လား တော်တော့ Key အောက်ကျတာတွေပြန်မကောက်နဲ့လေ ငါနဲ့မျှစားမယ် လာ ၊ မင်းတို့ကို ငါပြောထားတယ် လူသစ်တွေကို အနိုင်မကျင့်နဲ့လို့ "
![](https://img.wattpad.com/cover/250119646-288-k119331.jpg)
ESTÁS LEYENDO
ASTILLBE (Completed)
Novela JuvenilMarried Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အတိုင်း ငါနေမယ် ၊ မင်းကိုငါအရင်ကျောခိုင်းတဲ့တစ်နေ့ လုံးဝပြန်လှည့်လာမှာမဟုတ်ဘူးဆိုတာ မောင်မှတ်ထား " "...