Part (54) ( Finding The Lost Heart )

40.9K 2.7K 102
                                    

Zawgyi

" မြေးတို့ ဘိုးဘိုးကြီးဆီလာပါဦး သနပ်ခါးတွေနဲ့ မွှေးလိုက်တာကွာ "

အနားရောက်လာတဲ့ မြေးကလေးနှစ်ယောက်ကို ဖက်လို့ ပါးဖောင်းလေးများကို မွှေးပစ်လိုက်သည်။ မြေးတွေကိုလွမ်းလွန်း၍ ဟိုက အလုပ်တွေကိုပြီးအောင်ဖြတ်၍ မြန်မာကိုရောက်လာခဲ့တာ။ အမြွှာနှစ်ယောက်နဲ့ မယ်ရီက နောက်တစ်ပတ်နေရင် လိုက်လာကြမှာဖြစ်သည်။ မြေးနှစ်ယောက်က လမ်းတစ်တောက်တောက်လျှောက်နေပြီး စကားတွေတောင် ရွှန်းရွှန်းဝေအောင်ပြောတတ်နေပြီ။

" ဖေကြီး ဒီတစ်ခေါက် ဘယ်လောက်ကြာကြာနေမှာလဲဟင် အကြာကြီးနေဦးနော် "

" မြေးတွေနဲ့ အကြာကြီးနေဦးမှာပေါ့ မပြန်သေးဘူး ၊ ဟိုက အလုပ်တွေအပြီးသတ်ပြီးလာခဲ့တာ ၊ သား နည်းနည်းပြည့်လာသလိုပဲ စိတ်ချမ်းသာနေတာမြင်ရတာ ဖေကြီး ဝမ်းသာတယ် "

" ကြာ ကြီး နေ "

" ဟေ ဘာပြောတာလဲကွ "

" ကြာ ကြီး နေ ရို့ "

" ဟား မင်းက စကားလည်း မပီဘူးကွာ ၊ ချစ်လိုက်တာ "

" ဂျဂါး ဂျဂါး ပီပါရယ် "

" ဂျဂါး အဲ စကားပီတယ်ပြောတာလား ဘိုးဘိုးကြီးတောင် ရောကုန်ပါပြီကွာ ၊ မြေးက တော်တော်တတ်တာပဲကွ "

ကမ္ဘာငယ်က စကားအရမ်းတတ်တာကြောင့် ဖေကြီးက တဟားဟားအော်ရယ်နေ၏။ သက္ကကလည်း နည်းနည်းပါးပါးပြောပေမယ့် သူ့ညီလောက်တော့ စကားမများပါ။ အလုပ်နဲ့သက်သေပြသည့်ကလေးဖြစ်သည်။ သားတို့က နှစ်နှစ်တောင်ပြည့်ပြီမို့ ပြေးတတ်ဆော့တတ်နေပြီ။ အငယ်လေးက အဆိုးဆုံးဖြစ်သည်။ အိမ်ကြီးက ကြီးတော့ သူပြေးချင်တဲ့နေရာပြေးနေတာ ၊ ဒေါ်ဝင်းကလည်းအသက်ကြီးပြီဆိုတော့ ပြေးရင်မောဟိုက်လာတတ်သည်။ သားငယ်မွှေ၍ အမေနဲ့ ဒေါ်ဝင်းမှာ ခေါင်းချင်းဆိုင်အမောဖြေရသည်အထိဖြစ်သည်။

သားငယ်က မောင့်ကိုတော့ နည်းနည်းကြောက်၏။ မောင်နမ်းတာကိုကြောက်သည်ဟုဆိုရမလားမသိ။ မောင်က သူ့သားတွေကို တအားချစ်သလို အသည်းလည်းယားတော့ ခဏခဏနမ်းတာဖြစ်သည်။ သူ့အားကိုသူမထိန်းနိုင်ပဲ သားတို့ကိုနမ်းတော့ ကလေးတွေပါးမှာ ရဲကျန်ခဲ့တာမျိုး။ လက်လေးတွေ ခြေထောက်လေးတွေကအစ မောင်က အလွတ်မပေးပေ။ ထို့ကြောင့်လည်း မှိုင်းကမ္ဘာငယ်က သူ့အဖေလာရင် ပြေးပြေးပုန်းတာဖြစ်သည်။

ASTILLBE (Completed)Where stories live. Discover now