Extra (2) ( သွားလေရော့ အချစ်ဟောင်းရေ )

32.9K 2.4K 213
                                    

Zawgyi

" မင်းကဘာမို့ ကိုကို့ကိုတွန်းရတာလဲ သွားစမ်း! "

" မင်းအကိုက အနေတာ တွန်းတော့ ဘာဖြစ်လဲ "

" ကိုကိုက အေးအေးဆေးဆေးနေတတ်တာ မင်းလို လျှောက်ဆော့နေတဲ့ကောင်မဟုတ်ဘူး "

" ဘာ! သူ့ကိုရိုက်ကြစမ်း "

ပထမတန်းကျောင်းသားလေးများ၏ ရန်ပွဲသည် ကျောင်းဆောင်၏ နောက်ဘက်က ရေကန်ဘေးမှာဖြစ်သည်။ တစ်ဖက်က ကလေးတွေက သုံးလေးယောက်ရှိပြီး ကျန်တစ်ဖက်မှာတော့ အမြွှာလေးနှစ်ယောက်ဖြစ်သည်။ ပထမတန်းကျောင်းသားလေးများက အနားတိုးကပ်လာသောအခါ ငယ့်လက်သည်းတွေကိုထုတ်ကာ ကုတ်ဖို့ပြင်လိုက်သည်။ အတန်းတိုင်းမှာ ငယ်တို့ညီအကိုကို ရန်စတဲ့သူတွေရှိနေတာမို့ ငယ်ကအမြဲသတိထားနေရသည်။

" အာ့ ငါ့မျက်နှာကို ကုတ်တယ်ပေါ့ "

တစ်ဖက်ကလေးက ဒေါသထွက်လာပုံရပြီး ငယ့်ကိုတွန်းပစ်သည်။ ငယ်နောက်က ဗွက်အိုင်ကြီးထဲ ဖင်ထိုင်လျက်သားလဲကျသွားသည်။ ငယ်လုံးဝမငိုပါ။ ရွံရောင်သမ်းသွားတဲ့ အကျီကို ငုံ့ကြည့်ရင်း ငယ့်မျက်နှာက ဒေါသကြောင့်နီရဲလာသည်။ အတင်းကုန်းထပြီး တစ်ဖက်ကို ထိုးဖို့လုပ်ချိန်မှာ ကိုကိုက ထိုကောင်လေးရဲ့ ကိုယ်ပေါ်ခုန်တတ်ပြီး လည်ပင်းကိုညှစ်ထားသည်။ ငယ်ကြောင်အသွားသလို တစ်ခြားကလေးတွေလည်း လန့်ကာနောက်ဆုတ်သွားကြ၏။

" အင့် လွှတ် အီး ဟီး "

" ငါ့ညီကို မထိနဲ့ "

ကိုကို့အောက်က ဖက်တီးလေးက ပြဲလန်အောင်အော်ငိုလာသည်။ ကိုကို့လက်တွေက အားမရှိပုံပေါက်နေပေမယ့် ဖက်တီးလေးမရုန်းနိုင်ရှာပေ။ တိုတုတ်ပြီး အဆီအစ်နေသည့်ခြေထောက်တွေက လေပေါ်မြှောက်နေ၏။ ဖက်တီးက လန့်ဖြန့်ပြီး ကိုကို့လက်တွေကို ကုတ်ပေမယ့် ကိုကိုကနာကျင်ဟန်တောင်မပြပေ။ ငယ်အစက ရယ်နေခဲ့ပေမယ့် ဖက်တီးလေးအသက်ရှုရခက်လာတာမြင်သော် မျက်လုံးပြူးလာသည်။

" ကို ကိုကို လွှတ်လိုက်တော့ သေတော့မယ်ထင်တယ် ကိုကို ကိုကို့! ငယ်ပြောတာနားထောင်ဦး သူ့မျက်နှာကြီးရဲနေပြီ "

ASTILLBE (Completed)Where stories live. Discover now