Part (15) ( Taste of your lips )

60.5K 4.3K 204
                                    

Zawgyi

ရုံးခန်းထဲသို့ဝင်လာသည့် ဒေါက်ဖိနပ်သံတဂွပ်ဂွပ်ကြောင့် ဦးရာဇာစိုး မျက်မှန်ကိုချွတ်လိုက်သည်။ တံခါးကိုတွန်းဖွင့်ပြီးဝင်လာတဲ့သမီးဖြစ်သူက စိတ်တိုနေပုံလည်းရ၏။ ရှူမငြီးနိုင်တဲ့ ချစ်သမီးလေးကို ဘယ်သူကစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်လိုက်ပါလိမ့်ဟုတွေးကာ ဒေါသဖြစ်မိသည်။

" ဒယ်ဒီ "

" သမီး မန္တလေးကကိစ္စတွေအဆင်မပြေခဲ့လို့လား စူပုတ်နေတာပဲ ဒယ်ဒီ့ကိုပြောပါဦး ဘာတွေဖြစ်လာတာလဲ "

ဟေမာန်စိုးက ဆိုဖာပေါ်ထိုင်ချကာ အိတ်ကိုဘေးပစ်ချသည်။ မန္တလေးကကိစ္စကပြေတာထက်တောင်ပိုသေးသည်။ မပြေတာက ဟေမာန်စိုး၏ ချစ်သူဖြစ်သည်။ အခုတလောအချိုးတွေအရမ်းပြောင်းနေတာကြောင့် စိတ်ညစ်ရ၏။ သူမန္တလေးမှာရှိနေတုန်းကို ကိုကိုကဖုန်းတစ်ချက်မှမဆက်သလို ၊ ဟေမာန့်ဘက်ကစ စကားပြောမှ ပြန်ပြောလေ့ရှိသည်။ အရင်ကဆို အရမ်းတွယ်ကပ်လွန်းလို့ ဟေမာန်ကသာ အနေအထိုင်ဆင်ခြင်ဖို့ပြောဖြစ်၏။ အခုတော့ စာမလာအကြောင်းမပြန်နှင့်ဖြစ်သည်။ ဒါကြောင့် သူတို့ကြားပွဲဆူအောင် တမင်ပုံတွေပို့လိုက်တာဖြစ်သည်။ ကိုကို အဲ့တစ်ယောက်ကိုကွာရှင်းချင်နေတာ ဟေမာန်သိသည်။ ဒီဓာတ်ပုံတွေကလည်း နောင်မှာ သူတို့ကြား ပြသာနာဖြစ်မလာဘူးလို့ ပြောနိုင်ရဲ့လား။

" အဆင်ပြေပါတယ်ဒယ်ဒီ မပြေတာက "

သမီးဖြစ်သူ နှုတ်ခမ်းစူနေပုံအရ ၊ သူ့ကောင်လေးကြောင့်ပဲဖြစ်မည်ဟု ဦးရာဇာစိုးခန့်မှန်းသည်။ သမီးမှာရှိတဲ့ ပြသာနာက အဲ့ဒီကောင်လေးဖြစ်သည်။ ဦးရာဇာစိုးကလည်း City Companyရဲ့ ရှယ်ယာရှင်တစ်ယောက် ၊ အဲ့ဒီCompanyမှာ ရှယ်ယာဝင်ခဲ့တာက သမီးအချစ်ရေးအတွက် ရင်းနှီးမြုပ်နှံတယ်ပဲဆိုရမလား။ သမီးနဲ့ Cityကကောင်လေးက ချစ်သူတွေဆိုတာ သူသိသည်။ သူ့အနေနဲ့လည်းသဘောမတူစရာမရှိပေ။ ကောင်လေးက အရည်အချင်းရှိပြီးတော်တာကြောင့် ဦးရာဇာစိုးက သဘောကျတာဖြစ်သည်။ ဒါပေမယ့် အဲ့ဒီကောင်လေးက လက်ထပ်ပြီးသားဖြစ်နေ၏။ အိမ်ထောင်ရှိပြီးသားလူကို ခွဲထုတ်ရတာမကြိုက်ပေမယ့် ၊ တစ်ယောက်နဲ့တစ်ယောက်မချစ်ရင်တော့ ဖြစ်သည်။ သမီးကလည်း အဲ့ကောင်လေးကိုပဲလိုချင်နေတော့ ဦးရာဇာစိုး ဘာမှမပြောပဲလွှတ်ထားတာဖြစ်သည်။ အမေမရှိတဲ့ မိတဆိုးသမီးမို့ သူကသာ အဖနေရာ အမိနေရာ နှစ်ခုလုံးကို တာဝန်ယူပြီး ပျိုးထောင်ခဲ့တာဖြစ်သည်။

ASTILLBE (Completed)Where stories live. Discover now