Facts About My Second Characters

10.6K 435 12
                                    

Zawgyi 

ဒီနေ့ပြောမှာက Role ခွဲမှားကြတဲ့ အတွဲအကြောင်းပါ။

အပိုင်း (34) ကိုရောက်တဲ့လူတိုင်း ဟာခနဲဟင်ခနဲဖြစ်သွားကြတာကို တွေ့ရပါတယ်။ Role ခွဲမှားတဲ့ Feelingကိုကိုယ်လည်းသိတာမို့ စာဖတ်သူတွေ အင့်ခနဲဖြစ်သွားမယ်ဆိုတာ ခန့်မှန်းမိတယ်။

ရဟန်ခွန်းသရဲ့ Characterကိုစပြောရရင် ရဟန်က မှိုင်းညို့ကိုတအားကြိုက်ခဲ့တာပါ။ အကို အကိုနဲ့ နောက်ကနေတစ်ချိန်လုံးလိုက်နေတဲ့ ကလေး။ မှိုင်းညို့က ရဟန် သူ့အပေါ်ထားတဲ့ ခံစားချက်ကိုသိပေမယ့် လက်မခံခဲ့ပါဘူး။ ရဟန် အငြင်းခံရလို့ ခံစားရပေမယ့် သူကြိုက်တဲ့အကိုက သူ့အပေါ် စိတ်ရင်းမှန်တာမို့ ရဟန်က လက်မလျော့ခဲ့ဘူးပေါ့နော်။

်ဲ့ဒီကလေးက မှိုင်းညို့ကို သူမပြောတတ်တဲ့အတိုင်းအတာထိကို သဘောကျခဲ့တာပါ။

ရဟန့် ဒယ်ဒီ ဦးမင်းရောင်က သူ့ရဲ့အတိတ်ကြောင့် အလုပ်တွေဖိလုပ်ရင်း ကလေးတွေအတွက် အချိန်မပေးနိုင် ၊ ဂရုမစိုက်နိုင်တာမို့ ရဟန်က မိသားစုဆိုတာ ဘယ်လိုမျိုးလည်းဆိုတာမသိခဲ့ဘူး။

မိခင်ဖြစ်သူကလည်း ဆုံးပါးသွားတာဆိုတော့ သူ့အတွက် အိမ်ဆိုတာ နွေးထွေးတဲ့နေရာတစ်ခုမဟုတ်ခဲ့ဘူး။

ဒါကြောင့် သဘောကောင်းကြင်နာတတ်တဲ့ မှိုင်းညို့နဲ့တွေ့တဲ့အခါ ရဟန်က အရမ်းကိုသံယောဇဉ်တွယ်သွားပြီး အဲ့ဒီသံယောဇဉ်ကို အရောင်မခွဲနိုင်ဖြစ်သွားခဲ့တယ်။

ပြီးတော့လည်း လူငယ်လေးဆိုတော့ အမြဲတမ်း ကလန်ကဆန်လုပ်တဲ့စရိုက်လေးလည်းရှိတာမို့ ဦးမင်းရောင်က သူ့သားငယ်ကို အမြဲတမ်း စည်းကမ်းတွေကြားမှာ ဖိထားခဲ့တာ။

ရဟန့် အကို လွမ်းမူပိုင်လင်းတုန်းက ဖအေကို မရမကဆန့်ကျင်ခဲ့တာမို့ သားငယ်လေးကို သူ့အကိုလမ်းကြောင်းတဲ့အတိုင်း သွားမှာ စိုးရိမ်ပြီး ဦးမင်းရောင်က ဒေါသကြီးပြီးရက်စက်တဲ့အဖေတစ်ယောက်အဖြစ် သရုပ်ဆောင်ရတော့တာပဲ။

တကယ်တော့ အဘိုးကြီးက သူ့သားတွေကိုချစ်ပါတယ် ၊ သူ့အပူနဲ့သူမို့လို့ အေးတိအေးစက်ဖြစ်ပြီး နှလုံးသားမရှိသလိုဖြစ်သွားရတာ။ အစွဲအလမ်း လည်းအတော်ကြီးတဲ့ လူကြီး။ 

ASTILLBE (Completed)Where stories live. Discover now