Part (11) (Even if I don't love you)

68.5K 4K 274
                                    

Zawgyi

Refixed Version

ရင်ခွင်ထဲမှ ခပ်နွေးနွေးတစ်စုံတစ်ရာကြောင့် တည်မြဲနိုးလာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ခြင်းမြင်လိုက်ရတာက သူ့အား ဝိုင်းစက်နေသောမျက်လုံးများဖြင့်ကြည့်နေသောသူ။ ထပ်ငိုထားပုံရသည်။ မျက်လုံးထောင့်တွေမှာ ရဲနေပြီး နှုတ်ခမ်းကလည်း ​ယောင်ရမ်းနေ၏။ ဖွေးအုနေသည့်မျက်နှာက ချောမွတ်နေပြီး အဖုအပိန့်ကင်းစင်သည်။ ဒီကောင်ကတကယ်ကို မြန်မာနဲ့မတူ။ မျက်ရစ်လည်းမရှိတာကြောင့် သူ့ကိုတွေ့တဲ့သူတိုင်း မြန်မာလို့ထင်ကြမှာမဟုတ်ပေ။ တည်မြဲနိုးလာတာမြင်တော့ သိသိသာသာကို တွန်းဖယ်လာ၏။

" ပြန်အိပ်ဦး "

" ဖယ် လွှတ်ပေး "

" ကျစ်! နာနာခံခံနေစမ်းပါ အမှတ်ကိုမရှိဘူး မငြိမ်ရင် မနေ့ညကလို ထပ်ဖြစ်သွားလိမ့်မယ်နော် "

ရုန်းနေရင်းကနေ တွန့်ခနဲဖြစ်သွားတာကို သိလိုက်ရသည်။ ဒေါသလွှမ်းနေတဲ့မျက်နှာက နီရဲပြီး မကျေနပ်နေတဲ့အကြည့်များနှင့် တည်မြဲကိုကြည့်လာ၏။ သူကြောက်သွားတဲ့ပုံပဲ။ ခန္တာကိုယ်က တည်မြဲလက်မောင်းများကြားမှာ ကျုံ့ဝင်နေပြီး ကွာခြားမှုများစွာကိုတွေ့နေရသည်။ ခန္တာကိုယ်ကို စောင်နှင့်ဖုံးထားသော်လည်း ပုခုံးသားဖွေးဖွေးနှင့် လည်ပင်းလေးတွေမှာ ဖုံးမရသော ကိုက်ရာလေးများရှိနေသည်။ အနိုင်ကျင့်ခံထားရသည့် ကလေးတစ်ယောက်လို မခံချင်စိတ်နှင့် ဂျစ်တစ်တစ်မျက်နှာပေးကိုပါ မြင်နေရလေရာ တည်မြဲမရယ်ပဲမနေနိုင်တော့။

" အဟက် "

ကိုယ့်အတွေးနဲ့ကိုယ်ရယ်ရုံရှိသေး ၊ ပါးတစ်ဖက်က ပူတတ်သွားလေသည်။ ဟိုတစ်ယောက်ကိုကြည့်တော့ မျက်နှာတစ်ခုလုံးရဲနေပြီး အောက်နှုတ်ခမ်းကိုဖိကိုက်ထားသည်။ ရိုက်ခံရတာ နှစ်ခါရှိနေပြီ၊ ဒီကောင်က သေချင်လို့ သူ့ကိုလာရိုက်နေတာလား။

" မင်းငါ့ကိုရိုက်တယ် ဟုတ်လား သေချင်လို့ "

" ဟင်အင်း နာတယ် "

ချက်ချင်းလှုပ်ရှားဟန်ပြင်လာတဲ့သူ့ကိုယ်ကြီးကိုတွန်းပြီးတားရသည်။ မနေ့ညက သူလုပ်ခဲ့တဲ့အပြစ်တွေအပေါ် နောင်တရပုံပေါက်မနေပါ့လား။ ဒါ သူရည်ရွယ်ချက်ရှိရှိ ညို့ကိုအနိုင်ကျင့်တာဖြစ်သည်။ မုန်းတယ်လို့လည်းပြောသေးတယ် ၊ ဘယ်သူက သူတို့မုန်းတဲ့လူတွေကို ဒီလိုအနိုင်ကျင့်လို့လဲ။ သူတို့ကလက်ထပ်ထားတာမှန်​ပေမယ့် သူ့ဘက်ကသာ မောင့်ကိုချစ်နေရတာ မောင်ကသူ့ကိုချစ်မှမချစ်တာ။ ဘယ်သူက ကိုယ်မချစ်တဲ့သူတစ်ယောက်နဲ့ ကိုယ်လက်နှီးနှောလို့လဲ။ ညို့က မောင်ဖြစ်နေလို့သဘောကျပေမယ့် မောင်က ဘယ်လိုစိတ်နဲ့ ညို့ကိုအရယူလည်းဆိုတာတွေးမိတော့ ညို့မကျေမနပ်ဖြစ်လာပြန်သည်။
သူတို့အမျိုးတွေအားလုံးက စိတ်ကောင်းရှိပြီး သူကျမှ ဘာလို့ ကွက်ပြီးယုတ်မာနေလဲမသိ။ ကျောင်းကတည်းက သူ့စကားနားမထောင်ရင် စကားများရသည်။ ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ဆိုပြီး လိုက်ချုပ်ချယ်နေတာ။ အခုလည်း သူထင်ရာသူလုပ်တာပဲ။ တည်မြဲကမ္ဘာက လူဆိုးဖြစ်သည်။

ASTILLBE (Completed)Where stories live. Discover now