Part 1🤍

2.1K 162 13
                                    

ဝုန်း...ခွပ်...

အသံရဲ့နောက်ဆက်တွဲမှာတော့အသံထွက်ပေါ်လာရာနေရာသို့ကျောင်းသားကျောင်းသူများဝိုင်းစုအုံလာကြသည်...သို့ပေမယ့်ပြေးကြည့်စရာမလို...ဘယ်သူဘယ်ဝါဆိုတာတန်းသိသာသည်...

တစ်ကျောင်းလုံးရဲ့ဘုရင်ပတ်ဂျုံဆောင်း...

ဘုရင်ဟုခေါ်ကြသည်မှာသူ့အားမည်သူမှမရင်ဆိုင်ရဲခြင်းကြောင့်ဖြစ်သည်...မရင်ဆိုင်ရဲသည်ဆိုသော်ပတ်ဂျုံဆောင်းဆိုသည်မှာကျောင်းပိုင်ရှင်၏သားမဟုတ်ပါလား...ပိုင်ရှင်၏သားဖြစ်သည့်အလျောက်ကျောင်းတွင်သူဆိုးချင်တိုင်းဆိုးနေ၏...

ဆိုးချင်တိုင်းဆိုးတယ်???

ဒါကိုဘယ်သူသတ်မှတ်ခဲ့ရယ်မသိ...

သူ့အတွက်တော့ဆိုးခြင်းမမည်~
သူကတော့သူရဲ့ပင်ကိုဗီဇအတိုင်းမတရားတာမြင်ရင်ဝင်ပါတတ်တဲ့အကျင့်ရှိသည်...

ခုမှာလည်းကောင်လေးတစ်ယောက်အားအုပ်စုတစ်စုမှဝိုင်းအနိုင်ကျင့်တာမြင်၍ကူညီခြင်း...အစကတော့သာသာယာယာပြောပါသေးသည်-သို့ပေမယ့်ပြောမရ၍လက်ပါလိုက်ရခြင်း...

ထိုသည်ကိုပဲဆိုးချင်တိုင်းဆိုးတယ်ဟုသမုတ်ကြသည်လားမသိ::

သို့ပေမယ့်ပတ်ဂျုံဆောင်းတစ်ယောက်ဒါတွေကိုစိတ်မဝင်စားပါ...သူ့စိတ်ထဲတွင်ရှိသည်ကအမြင်မတော်တာတွေ့လျှင်ဝင်ပါမည်ဆိုသောစိတ်တစ်ခုသာရှိသည်

ခုတွင်လည်းတဖက်ကကောင်လေးအားထိုးမယ်အပြုကြားထဲမှဝင်တားလာ‌သောလက်ဖဝါးနုနုလေး...

ထိုကောင်လေးမှာအနိုင်ကျင့်သောအုပ်စုထဲကတစ်ယောက်...လူကိုကြည့်တော့သူ့ထက်ခေါင်းတစ်လုံးစာနှိမ့်သည်ထင်ရသည်...ခန္ဓာကိုယ်မှာလည်းပုပုသေးသေးလေးဖြစ်သော်ငြားကျယ်ပြန့်သောပခုံးတစ်စုံကိုတော့လူတိုင်းသတိထားမိကြသည်...

ထိုကောင်လေးမှာသူ၏လက်ကိုတားလာပြီး
"ဒါခင်ဗျားလေးကိစ္စမဟုတ်ဘူးထင်တယ် မဆိုင်ရင်ဝင်မပါလို့မရဘူးလား" ဟုပြောပီးအပြုံးချိုချိုလေးဖြင့်ပြုံးပြတော့ပါးချိုင့်လေးကအထင်းသား...

ပတ်ဂျုံဆောင်းတစ်ယောက်မဆီမဆိုင်ထိုပါးချိုင့်နေရာလေးကိုပဲမလှုပ်မယှက်ငေးကြည့်နေမိသည်...

𝙸 𝚃𝚑𝚒𝚗𝚔 𝙸 𝙻𝚘𝚟𝚎 𝚄 𝚆𝚑𝚎𝚗 𝙸 𝚂𝚎𝚎 𝚈𝚘𝚞𝚛 𝙳𝚒𝚖𝚙𝚕𝚎✅Donde viven las historias. Descúbrelo ahora