(Part-1)

12.6K 567 6
                                    

#Uni

ဝမ်အိမ်တော်ရှိ ရေချိုးခန်းထဲတွင်...ကန်တစ်လျှောက်လုံး သွေးများဖြင့်ရဲတောက်နေကာ ကန်ထဲတွင်လဲ အဖြူရောင်ဝတ်စုံလေးကိုဝတ်ပြီးလက်ထဲတွင် ဓားတစ်ချောင်းနှင့်အတူ ကိုယ့်လက်ကောက်ဝတ်ကိုယ်လှီးပြီးသတ်သေနေသောဝမ်ရိပေါ်တစ်ယောက်...

( တီတီတီ... host refit system က ကြိုဆိုပါတယ် နောင်တအများကြီးနဲ့သေဆုံးခဲ့ရတဲ့ သူတွေကို အခွင့်အရေးပြန်ပေးတဲ့ system ပါ။ ကျတော်တို့ system ဟာဘယ်လောက်အဆင့်မြင့်သလဲဆိုရင်.. )

" အပေါက်ပိတ်ထား... နားညီးတယ် "

system လေးခမျာကြောက်ကြောက်လန့်လန့်ဖြင့်ပါးစပ်ပိတ်လိုက်ရသည်။ ဟုတ်တယ်လေ host ပုံကြီးကအေးစက်စက်နဲ့တစ်လောကလုံးကိုသတ်ဖြတ်မယ်​့အရိပ်ငွေ့တွေထွက်နေတာကို...

ရိပေါ်ကိုက်နေသည့်ခေါင်းကြောင့်ခနတာအနားယူပြီးမှ ထိုညှောင်နာနာခလေးသံကိုပြန်အာရုံစိုက်နိုင်တော့သည်။

" ငါမေးတာဖြေ အပိုစကားပြောလို့ကတော့ဖြတ်ရိုက်မှာ "

ရိပေါ်သူ့ရှေ့က စက္ကူပုံသေတ္တာပုံစံလိုလို စက်ရုပ်ပုံစံလိုလိုသတ္တဝာအားစိုက်ကြည့်ပြီးပြောလိုက်တော့ထိုဟာလေးကလှုပ်ပြလာသည်။

" ငါသတ်သေခဲ့တယ်လေ...ငါမသေသေးဘူးလား.. "

( host သေပြီးပါပြီ... )

" ဒါဘယ်နေရာလဲ ပြီးတော့ဘာတွေဖြစ်နေတာလဲ... အပိုတစ်ခွန်းမှမပါစေနဲ့ သေချာရှင်းရှင်းလင်းလင်းတိတိကျကျဖြေ.. "

system ခမျာကြောက်ဖို့ကောင်းသော host ကြောင့် ငိုသံပါပါကြီးနှင့်

( host ကသေပြီးပါပြီ ဒါက သေခြင်းကိုကန့်သက်ထားတဲ့အာကာသနယ်မြေပါ ပြီးတော့ ကျတော်တို့က နောင်တတရားနဲ့သေဆုံးခဲ့ရတဲ့သူတွေကို အတိတ်ကိုပြန်ပို့ပြီးကူညီပေးတဲ့ system ပါ... ကျတော်က host ရဲ့အကူပါ.. host ဘဝကူးသွားချင်ပါသလား..ဒါမှမဟုတ် host နောင်တတွေကိုပြန်လည်ပြင်ဆင်ချင်ပါသလား)

" အခုပြန်သွားမယ်.. "

ရိပေါ်မျှော်လင့်ချက်ပြန်ရလာပြီးမကြာခင်မှာပင်တွင်းနက်ထဲ ပြုတ်ကျသွားသလိုခံစားလိုက်ရပြီးသူ့ကိုယ်ကိုယ်လဲ အတင်းဆွဲချုံ့နေသလိုခံစားလိူက်ရသည် ခေါင်းထိုးကိုက်လာမှုနှင့်အတူမကြာခင်မှာပင် တောက်ပလွန်းတဲ့အလင်းရောင်ကြောင့်မျက်မှောင်ကျုံ့ပြီးမျက်လုံးဖွင့်ကြည့်မိတော့...

Refit System (complete )Where stories live. Discover now