#uni
( သာသာဇာတ်ကောင်တွေကိုအရမ်းလွတ်ထွက်သွားလို့သူငယ်ချင်းတစ်ယောက်ကိုဆက်ရေးခိုင်းခဲ့ရတဲ့အထိကိုဖြစ်သွားခဲ့ရပါတယ် အရမ်းကြာသွားလို့တောင်းပန်ပါတယ်နော်)ရိပေါ်သူ့ကားပေါ်တက်လာသည့်မိန်းမကိုစိတ်ပျက်လက်ပျက်ကြည့်နေမိသည်... ရေမွှေးနံ့ကမွှန်ထူနေအောင်စွတ်ထားသေးတယ် ....စိတ်ပျက်ဖို့ကောင်းတယ် ရိပေါ်အတွေးနဲ့အတူသူ့ပျက်ယွင်းနေသည့်မျက်နှာကိုပြင်ကာပြုံးပြလိုက်သည်။ ထို့နောက်သူပြောသည့်နေရာသို့မောင်းထွက်လာခဲ့လိုက်သည် သွားနေကျလမ်းကြောကလမ်းတအားပိတ်နေ၍ ပြန်လှည့်လာရပြီးတခြားလမ်းဘက်ကပတ်သွားလိုက်ရသည်။
ရိပေါ်ထွက်သွားပြီး 15 မိနစ်လောက်ကြာတော့ရှောင်ကျန့်ဖုန်းဆီ ဖုန်းဝင်လာသည်... ရိပေါ်ပြောသည့်အတိုင်းပင် accident ဖြစ်သည်ဆိုပြီးဖုန်းဆက်ခြင်း... ရှောင်ကျန့်ပြန်ဖြေကာဖုန်းချလိုက်သည်။ အခုရှောင်ကျန့်ကြောက်ပြီးတုန်နေလေသည် အစကတော့ရိပေါ်ပြောတုန်းကသူ့ကိုယ်သူအက်လောက်တုံးမှာမဟုတ်ဘူးလို့တွေးခဲ့ပေမယ့်တကယ်ကြုံလာရတော့လက်တွေကအေးစက်လာသည်... ရိပေါ်တကယ်ဖြစ်နေရင်ဘယ်လိုလုပ်မလဲဆိုပြီးမကောင်းသည့်အတွေးပေါင်းစုံကလဲခေါင်းထဲဝင်လာသည်။ နောက်ဆုံးတော့လဲ ကားသမားဆီလိုက်သွားလိုက်လဲဘာမှမဖြစ်ပါဘူးဟုတွေးလိုက်မိသည် ရိပေါ်ကသူ့ driver ကိုအထိခိုက်ခံမှာမဟုတ်ဘူးဆိုသည့်စိတ်နှင့်လိုက်သွားလိုက်သည်။ ကားနောက်ခန်းက driver ရဲ့ခုံနောက်မှာပဲထိုင်နေလိုက်သည်
ရိပေါ် အရင်ဘဝက သူ accident ဖြစ်တယ်ဆိုပြီးရှောင်ကျန့်ကိုလိမ်ခေါ်သောဆေးရုံသို့မောင်းလာခြင်းပင်...ထိပ်တိုက်တွေ့ပြီးအရှက်ခွဲမယ် ပြီးရင်မိသားစုစီးပွားရေးကိုတိုက်ခိုက်မယ်ဆိုရင်ထိုသူတွေဘဝကသေတာထပ်ဆိုးပြီဆိုသောအတွေးနှင့်ရိပေါ်ထိုသို့မောင်းလာခြင်းပင်... လမ်းတစ်ဝက်မှာတင်သူ့အိမ်ကကားကိုတွေ့လိုက်ရလိမ့်မယ်လို့မထင်ထားခဲ့... ကားနောက်ခန်းမှာလဲအရိပ်လေးတစ်ခု ကြောက်လန့်နေပုံပင်... ထိုကားနောက်ကိုကားတစ်စီးကလဲအသဲအသန်လိုက်တိုက်နေလေသည် ရိပေါ်မှာရွေးစရာမရှိ... ထိုကောင်လေးမပါလာရင်တောင်သူကားအလည်ပိုင်းကိုဖြတ်တိုက်ချလိုက်ရင်ထိုကားကိုလိုက်တိုက်နေတဲ့ကားကသူ့ဘေးမှာရှိတဲ့သူကိုဝင်တိုက်မှာပင်.. သူတို့မကောင်းကြံတာသူတို့ပြန်ခံရမယ့်စီမံမှုပင်...

KAMU SEDANG MEMBACA
Refit System (complete )
Romansaidol image ကို ထိခိုက်လိုခြင်းမရှိပါ ပထမဆုံးအရေးအသားမို့အမှားပေါင်းသောင်းခြောက်ထောင်ခန့်ပါရှိပါသည်