Part 8

3.2K 273 19
                                    

#uni 

ရှောင်ကျန့်စကားကြောင့်ရိပေါ်ခနငြိမ်သက်သွားတယ်။ 

* ဟုတ်သားပဲဒီနေ့ရှောင်ကျန့်မွေးနေ့... "

ရိပေါ်ဟန်ဆောင်နေတာမဟုတ်ပဲတကယ်မေ့နေခဲ့တာဖြစ်သည်။

" ရပြီမလားငါအခုမားတို့ဆီသွားလို့ရပြီလား။ "

ရှောင်ကျန့်ငိုချလိုက်ချင်နေပေမယ့်သူ့စိတ်သူထိန်းကာအတတ်နိုင်ဆုံးပြုံးပြီးမေးလိုက်သည်။

" ငါပါလိုက်မှရမှာပေါ့ မင်းငါ့ကိုအဆူခံစေချင်လို့အဲ့ကိစ္စကိုသတိမပေးရတာလား "

ရိပေါ်အမြန်ထပြီးဝတ်ပုံစားပုံရောဆံပင်ပုံရောထပြင်နေသည်...

" ငါ...ငါအက်လိုမရည်ရွယ်ပါဘူး...ရိပေါ်မင်းမစွပ်ဆွဲခင်အရင်ငါဘာစီစဥ◌်ထားလဲမေးကြည့်သင့်တာ မင်းပြန်ပြင်မနေနဲ့တော့ မလိုက်လို့ရတယ် မင်းသူငယ်ချင်းတွေနဲ့စာလုပ်မှာလို့ငါပြောပေးထားမယ် လက်‌ေဆာင်ကိစ္စကိုလဲငါ့ဘာသာပြင်ဆင်ထားပြီးပြီ taxi စီးသွားလိုက်မယ် ပြန်ရင် bus ကားနဲ့ပဲပြန်ခဲ့မယ် ညခုနစ်နာရီထပ်နောက်မကျစေရဘူး ဒါပဲ ငါသွားတော့မယ် မားကစောစောလာလို့မှာထားလို့.... "

ရှောင်ကျန့်ထွက်သွားတာအစအဆုံးရိပေါ်လိုက်ကြည့်နေခဲ့ပြီး အစကတော့ရှောင်ကျန့်သူ့ကိုစိတ်ဆိုသွားတာလားဆိုပြီးလိုက်ချော့ဖို့လုပ်လိုက်ပေမယ့် ဖန်းယင်းအာကလူတွေအကုန်ရုပ်ရှင်ကြည့်ဖို့သူ့ကိုစောင့်နေပြီဖြစ်ကြောင်းဖုန်းဆက်လာ၍ရိပေါ်ရှောင်ကျန့်သူ့ကိုတော့အကြာကြီးစိတ်မဆိုးလောက်ပါဘူးစုတွေးပြီးသူ့သူငယ်ချင်းအုပ်စုဆီထွက်လာလိုက်သည်။

ရှောင်ကျန့်ကတော့သူပြောထားတဲ့အတိုင်းပဲ ဝမ်မားနဲ့ရှောင်မားတို့ဝမ်ရိပေါ်ကိုမဆူအောင်ကူပြောပေးလိုက်ခဲ့တယ်။ အိန်ပြန်ခါနီးကျတော့ရှောင်ကျန့် bus car ဂိတ်မှာရပ်စောင့်နေလိုက်သည်။

ရပ်စောင့်နေရင်းရှောင်ကျန့်အတွေးများစွာဖြင့်မျက်ရည်ဝဲတက်လာရသည်။...

* ညကဖန်ယင်းအာဆိုတဲ့ကောင်မလေးကိုရိပေါ်ကသွားကြိုပေးခဲ့တာ..သူ့ဆိုင်ကယ်လေးနဲ့.. ငါလဲ... အက်လိုမျိုးစီးဖူးချင်လိုက်တာ ရိပေါ်ကိုဖက်ထားပြီးတော့ရိပေါ်မောင်းတဲ့ဆိုင်ကယ်ကိုစီးပြီးရိပေါ်အိမ်ပြန်လိုက်ပို့တာတစ်ခါလောက်ခံဖူးချင်တယ်... *

Refit System (complete )Tempat cerita menjadi hidup. Temukan sekarang