Part 6

4.5K 363 21
                                        

#Uni

ညနေခင်းတစ်ခုလုံးတောင့်ခံပြီးတော့ညဘက်ရောက်တော့ရိပေါ်လက်လျှော့လိုက်သည် စောင်ထုပ်ထဲတွင်အိပ်နေသောထိုကောင်လေးအားချီကာစောင်ဖြင့်ထုပ်ထားတာကိုဖြည်ပေးလိုက်ပြီးအပေါ်မှအုပ်မိုးကာဆေးမကူပဲပန်းနုရောင်သန်းနေသောနှခမ်းသားအိအိကိုစားသုံးတော့သည်

အတော်အတန်ကြာတော့ရှောင်ကျန့်လဲအသက်ရှူကြပ်လို့နိုးလာတော့သူ့ပါးစပ်ထဲကိုတစ်ခုခုကဝင်ရောက်နေပြီးနှခမ်းတွေကအတင်းစုပ်ယူခံနေရသည်ကိုသူသတိထားလိုက်မိသည် စုပ်ယူခံထားရလွန်းလို့ထုံတောင်ထုံချင်နေပြီ..အသက်ရှူကလဲကြပ်နေပြီ...

ရှောင်ကျန့်ကြောက်ကြောက်လန့်လန့်နှင့်သူ့ပေါ်ကလူကိုတွန်းချကာအတင်းပြူးပြဲကြည့်လိုက်တော့ဝမ်ရိပေါ်... ရှောင်ကျန့်နှလုံးခုန်တာရောအသက်ရှူတာရောပါခနတာရပ်တန့်သွားသည်...ခုနက...သူ့ကိုသဲကြီးမဲကြီးနမ်းနေတာက...ဝမ်ရိပေါ်? ငါပဲအမြင်မှားတာလား...အိမ်မက်ပဲလား...ခုနကပဲနိုးတဝက်အိပ်တစ်ဝက်မို့အိမ်မက်နဲ့မှားမြင်လိုက်တာလား...

ရိပေါ်တစ်ယောက်သူ့ကိုကျောက်ရုပ်ပမာကြည့်နေတဲ့ရှောင်ကျန့်ကိုပြန်တွန်းလှဲကာထပ်နမ်းပြန်သည်ထိုအခါမှရှောင်ကျန့်ပြန်တွန်းဖယ်ပြီးအသက်ဝဝပြန်ရှူကာဟောဟဲစိုက်နေတော့သည်

" ရိပေါ်...မင်း...ဒါဘာလုပ်တာလဲ.. "

" မကြိုက်ဘူးလား...မင်းပြောတော့ငါလိုချင်ရင်ပေးမယ်ဆို... ငါမထိန်းနိုင်တော့ဘူး...ငါမင်းကိုလိုချင်တယ်.. "

" ဘာ...ဘာ...ဘာကြီးကိုလိုချင်တာလဲ...ရှင်းရှင်းပြောလေ... "

" ခုနကလုပ်နေတာကိုဆက်လုပ်ချင်တယ်.. "

ရိပေါ်ပြောကာသူ့ရှေ့ကရှက်လို့နီရဲနေတဲ့အကောင်ပေါက်ကိုပြန်တွန်းလှဲပြီးနမ်းနေလိုက်သည်ပြီးတော့အပေါ်စီးရအုပ်မိုးကာရမက်အပြည့်ဖြင့်ကြည့်နေသည်

" ရိပေါ်...မင်း...ငါ့ကို...ချစ်လား.. "

ရှောင်ကျန့်မေးပြီးမျက်နှာကိုတစ်ဖက်လှည့်သွားသည် ရိပေါ်ကတော့လက်ဖြင့်ထိုမျက်နှာလေးအားပြန်ဆွဲကာသူ့ကိုတည့်တည့်ကြည့်စေသည်

Refit System (complete )Onde histórias criam vida. Descubra agora