Part-2

5.6K 466 6
                                    

# Uni

" ဟမ်...ငယ်လေး မနောက်စမ်းနဲ့ ငယ်လေးခုတင်ပေါ်ကဆင်းတာနဲ့ကိုယ့်ကိုတွေ့ရပြီကို.. "

" ဒီညတူတူအိပ်ရအောင်လေရိပေါ်.."

ရှောင်ကျန့်ရိပေါ်ကိုယုန်ပေါက်မျက်လုံးများဖြင့်ထပ်ချဲွဲပြန်သည် ရိပေါ်လဲမခံနိုင်စွာအရည်ပျော်ကျရပြန်သည်။

" အင်းပါဟုတ်ပြီ...ငယ်လေးစောင်တွေခေါင်းအုံးတွေအောက်ချလိုက် တူတူအိပ်မယ် ဟုတ်ပြီလား "

ရှောင်ကျန့်လှစ်ခနဲထကာအကုန်အောက်ချလိုက်ပြီးအိပ်ယာပေါ်ဝင်လှဲလိုက်ကာစောင်ကိုခေါင်းအထိအလုံခြုံထားသည်

* ရိပေါ်နားကပ်မှရနေကျကိုယ်သင်းနံ့လေး...အိပ်ယာကနေရနေတယ်... မွှေးနေတာပဲ...ငါအရမ်းပူလာပြီ...ရူးတော့မှာပဲ...*

ရှောင်ကျန့်ရိပေါ်ပြောင်းလဲသွားတာတောင်မတွေးနိုင်တစ်ယောက်ထဲရှက်ပြီးထူပူနေသည်

( host ရေ mission အောင်မြင်ပါတယ်...host တောင်းဆိုတဲ့ဆုလာဘ်တစ်ခုရပါမယ်.. )

* အင်း... သူနဲ့အလိုက်ဖက်ဆုံးပစ္စည်းလိုချင်တယ်...မနက်ဖြန်သူ့မွေးနေ့...ငါအရင်နှစ်တွေက မေ့ထားခဲ့ပေမယ့်အခုတော့.. *

( host ယုန်ပေါက်ကဘာနဲ့မဆိုလိုက်နေတယ်နော်.. အိုက်ယား... host တကယ်ခက်ခက်ခဲခဲကြီးတောင်းဆိုလိုက်တာပဲ)

* သူ့ကိုယုန်ပေါက်လို့ငါပဲခေါ်မှာ *

( ဟုတ်... )

system မှာ နဂိုကတက်ကြွနေတာလေးပင်ကြက်ပျောက်ငှက်ပျောက်ပေ​ျာက်သွားရသည် ရိပေါ်လဲ system နဲ့ရန်ဖြစ်ပြီးတော့ရှောင်ကျန့်ဘေးလှဲဝင်လိုက်သည်

ထို့နောက်ချက်ချင်းအိပ်မပျော်သွားရှောင်ကျန့်ကသူ့ဘေးမှာအိပ်နေတယ်ဆိုတဲ့အသိက သူ့ရင်ခုန်သံကိုထိန်းမနိုင်သိမ်းမရဖြစ်စေသည် ပေါက်ထွက်မတတ်ခုန်နေတဲ့နှလုံးသားကိုထိန်းချုပ်ကာရင်ဘတ်ကိုအုပ်ကိုင်ရင်းအသက်ကိုသေချာရှူပြီးထွက်နေသည့်ရှောင်ကျန့်လက်လေးတစ်ဖက်ကိုကိုင်ကာအိပ်လိုက်တော့သည်

ရှောင်ကျန့်နဂိုကထဲက ဝုန်းဒိုင်းကြဲခုန်နေသော နှလုံးခုန်သံပါရပ်သွားပြီးအသက်ရှူလဲအောင့်ထားလိုက်မိသည် ရိပေါ်ကအသားချင်းထိရတာကိုမုန်းတယ်မဟုတ်ဘူးလား...ဘာလို့သူ့လက်ကိုလာကိုင်တာလဲ မတော်တဆထိမိတယ်ပြောရအောင်လဲသေချာကြီးကိုကိုင်ထားတာလေ... ရိပေါ်ရော ရိပေါ်ရောသူ့ကိုစိတ်ဝင်စားနေပြီလား...ထိုအတွေးဆုံးတော့ရှောင်ကျန့်ရင်ထဲ မီးရထားတစ်ဆင်းခုတ်မောင်းသွားသလိုပဲ ရင်ဘတ်ကထိန်းမနိုင်သိမ်းမရခုန်လာပြီးအသက်ရှူပါကြပ်လာသလိုပင်...

Refit System (complete )Tahanan ng mga kuwento. Tumuklas ngayon