#uni
နောက်နေ့မနက် ရှောင်ကျန့်စောစောထပြီးအသံမထွက်အောင်ဖြေးဖြေးချင်းစာအုပ်တွေထုတ်ပြီးစာထိုင်ကူးနေသည်။
ရိပေါ်အတွက်မနက်စာကိုတော့သူနိုးခါနီးမှပြင်ပေးမယ်ဟုစီစဥ်ထားသည်။ ဟင်းကပူပူနွေးနွေးလေးမှစားကောင်းတာလေ...ရိပေါ်ကိုကောင်းကောင်းလေးပဲစားစေချင်တာ။
ရိပေါ်ကစာရတာမဟုတ်ဘူးလေ... စာမေးပွဲခန်းထဲရိပေါ်ကိုသူပဲကူပေးရတာ...သူက...အဲ့နေရာတွေမှာရိပေါ်အတွက်အရေးပါတယ်လေ...ရိပေါ်မှာသူ့အတွက်နေရာတွေအများကြီးရှိတာမဟုတ်ဘူး... သူကြိုးစားပြီးသူရထားတဲ့နေရာလေးပျောက်မသွားအောင်ထိန်းထားရမှာ... ရိပေါ်အတွက်သူအသုံးဝင်နေတယ်လို့တွေးရတဲ့ခံစားချက်ကအရမ်းပျော်ဖို့ကောင်းတာပဲ...
ရှောင်ကျန့်ရိပေါ်အတွက်ဟုတွေးကာပြုံးပြီးစာဆက်လုပ်နေသည် သိပ်မကြာခင်မှာပဲရိပေါ်နိုးလာပြီးသူ့ကိုစူးစိုက်ကြည့်နေသည်။
" ငါ...ငါမင်းကိုနိုးအောင်လုပ်လိုက်မိတာလား...ငါ...တောင်းပန်ပါတယ်... အသံထိန်းပါ့မယ်နော်... စာတွေအများကြီးကျန်သေးလို့... "
ရိပေါ်ပြန်မပြောတော့ရှောင်ကျန့်ပိုလန့်လာသည်။သူအမှားလုပ်မိပြန်ပြီလား...ရိပေါ်တကယ်ထွက်သွားတော့မှာလား...ရိပေါ်အတွက်သူကစိတ်အနှောက်အယှက်ဖြစ်နေပြီလား...ဆိုပြီးအတွေးပေါင်းစုံဖြင့်ကူကယ်ရာမဲ့နေပြီး ငိုပါငိုချင်နေလေပြီ...
ရိပေါ်ကတော့ရှောင်ကျန့်ပုံအားဂရုမစိုက်ပဲ ရှောင်ကျန့်ကူးနေတဲ့စာအုပ်ကိုဆွဲယူသွားပြီးဟိုဘက်ခန့းကိုထွက်သွားသည်။ စာအုပ်ပြန်ပေးပြီးစကားခနပြောကာဆယ့်ငါးမိနစ်လောက်ကြာတော့ပြန်လာသည်...။
" ရိ...ရိပေါ်...ငါကူးလို့မပြီးသေးဘူးလေကွာ... "
ရှောင်ကျန့်စိတ်ဆိုးပြီးအော်လိုက်မိသည်။ ရိပေါ်ရင်ထဲသူနေရာတစ်ခုလိုချင်မိတာသူ့အမှားမှမဟုတ်တာ...
" တော်ပြီ...အော်မနေနဲ့တော့...နားညီးတယ် ငါမင်းလုပ်ပေးတဲ့ထမင်းကြော်စားချင်တာ...မကြော်ပေးချင်ဘူးလား "

VOCÊ ESTÁ LENDO
Refit System (complete )
Romanceidol image ကို ထိခိုက်လိုခြင်းမရှိပါ ပထမဆုံးအရေးအသားမို့အမှားပေါင်းသောင်းခြောက်ထောင်ခန့်ပါရှိပါသည်