# uni
ရိပေါ်ကျောင်းရောက်တော့ ကန်တင်းမှာသူ့သူငယ်ချင်းများနှင့်အုပ်စုဖွဲ့ထိုင်ကာသူရှောင်ကျန့်အပေါ်ခံစားချက်များကိုရင်ဖွင့်နေမိသည်။ ထိုအုပ်စုထဲတွင် ဖန်ယင်းအာလဲအသေအချာကိုပါဝင်နေပြီးရိပေါ်ခံစားချက်တွေမသေချာရင်ရှောင်ကျန့်ပဲနစ်နာမှာ... ဟုပဲဖိပြောနေပြီးရိပေါ်စိတ်ကိုမရေမရာဖြစ်အောင်လုပ်နေသည်။
ရိပေါ်သူငယ်ချင်းများကလဲရှောင်ကျန့်ကတကယ့်ဖြူဖြူစင်စင်လေးမို့ဖန်ယင်းအာပြောတာကိုသာထောက်ခံနေကြတယ်... ရိပေါ်လဲမတတ်နိုင်ပဲ သူ့ခံစားချက်များပိုမိုသေချာအောင်အချိန်တစ်ခုစောင့်နေခဲ့ရပြီးတစ်ရက်ပြီးတစ်ရက်ဖြင့်သာရှောင်ကျန့်ပေါ်မပြောင်းလဲပဲဘုကန့်လန့်ပဲဆက်ဆံခဲ့သည်...
ကျောင်းတွေသာပြီးသွားတယ်ရိပေါ်ဖွင့်မပြောရသေး... ထိုနေ့... ရှောင်ကျန့်ကိုတိုက်ရိုက်လက်ထပ်ခွင့်တောင်းရန်စီစဥ◌်ထားသောနေ့အထိ.... ထိုနေ့လည် ရိပေါ်လက်စွပ်ဝယ်ကာနေရာအပြင်အဆင်တွေစီစဥ◌်ပြီးတော့ရိပေါ်သူ့ဖုန်းထဲဝင်လာတဲ့ဖုန်းတစ်ကောကိုကိုင်လိုက်သည်
" ဟလို... ဒါဖုန်းပိုင်ရှင်ရဲ့အသိလားခမျ... ဖုန်းပိုင်ရှင်ကား accident ဖြစ်လို့ပါ... အခုဆေးရုံရောက်နေပါတယ်ဗျ "
ရိပေါ်တစ်ကိုယ်လုံးတောင့်ခဲသွားကာခေါဆိုသောဖုန်းပိုင်ရှင်နာမည်ကိုကြည့်လိုက်တော့ယုန်ငတုံးလေးတဲ့.. ရိပေါ်ဘာမှဆက်မပြောနိုင်တော့ခနတာမျှဆို့နင့်နေသည် တစ်ဖက်ကကိုင်ထားသေးလားဟုအတည်ပြုမေးကြည့်တော့မှ...
" အခုကျတော်လာခဲ့ပါ့မယ် ဆေးရုံလိပ်စာလေးတစ်ချက်ပြောပြပါလား.. "
ရိပေါ်အမြန် taxi ငှားကာရှောင်ကျန့်ရှိရာဆီအမြန်လာလိုက်သည် သူဆေးရုံရောက်တော့ရှောင်ကျန့်ကခွဲစိပ်ခန်းဝင်နေပြီးသူအပြင်မှာစောင့်နေရသည် ထွက်လာသမျှ သူနာပြုတိြင်ူကလဲ အခြေအနေမကောင်ူသောကြောင့်စိတ်ကိုကြိုပြင်ဆင်ထာူရန်ပြောလေသည် ရိပေါ်ရင်ထဲမှာတော့မီးတောက်နေပြီးသူ့ကိုယ်သူတောင်မသိမျက်ရည်များကျလာပြီးရင်ဘက်ကလဲ စူးအောင့်လာကာအသက်ကိုပင်မနဲရှူနေရသည်...
YOU ARE READING
Refit System (complete )
Romanceidol image ကို ထိခိုက်လိုခြင်းမရှိပါ ပထမဆုံးအရေးအသားမို့အမှားပေါင်းသောင်းခြောက်ထောင်ခန့်ပါရှိပါသည်