#uni
ရိပေါ်ဖုန်းချချင်းမှာပဲ ရဲတွေနောက်က လူနာတင်ကားတွေပါရောက်လာသည်။ လူနာတင်ကားတွေက ဒဏ်ရာရနေသူတွေကိုခေါ်သွားပြီး ဒဏ်ရာအနည်းငယ်သာရသည့် ရိပေါ်ကို ထိုနေရာမှာပဲ ဒဏ်ရာကိုဆေးထည့်ပေးကာ ပက်တီးသေချာစည်းပေးပြီး ရဲတွေနောက်လိုက်စေသည်။
ရဲတွေအလိုကျ စစ်ဆေးမှုကိုခံယူပြီးတော့ ရဲတွေက ဝမ်ရိပေါ်အပြစ်မရှိကြောင်းအတည်ပြုပြီး ရိပေါ်ကို ပြန်ခွင့်ပေးသည်။
ပြန်ခွင့်ပေးတာနဲ့ ရိပေါ်အမြန်ပဲ taxi ငှားကာ ရှောင်းကျန့်ရှိသည့်ဆေးရုံသို့ အမြန်သွားလိုက်သည်။
သူ့သူငယ်ချင်းကိုလည်း ကားယူလာပြီး ဆေးရုံကိုလာဖို့ပြောလိုက်သည်။
ဝမ်ရိပေါ် ဆေးရုံကိုရောက်တော့ သူ့သူငယ်ချင်းကားလည်း ရောက်နေပြီဖြစ်သည်။
ဆေးရုံထဲဝင်ဝင်ချင်း ဆေးရုံထဲမှာရှိတဲ့ ခုံတန်းတွေပေါ်မှာ ကုပ်ကုပ်လေးထိုင်နေရင်း ဟိုကြည့်ဒီကြည့် လုပ်နေသည့် သူ့အသက်လေးကိုတွေ့လိုက်ရသည်။ သူ့အသက်လေးကလည်း သူ့ကိုတွေ့တော့ချက်ချင်းပြေးဖက်သည်။
ဝမ်ရိပေါ်မှာ သူ့လက်က ဒဏ်ရာကိုပါဂရုမစိုက်နိုင်ဘဲ သူ့ကိုလာဖက်တဲ့ ရှောင်းကျန့်ကိုယ်လေးကို လဲမကျသွားအောင်ထိန်းထားရသည်။
" အီးဟီး...ပြောတော့ မြန်မြန်လာမယ်ဆို...ဟင့်...ဘာလို့အခုမှရောက်လာတာလဲ "
အစက စိုးရိမ်မှုကြောင့် မျက်ရည်လေးတွေသာဝိုင်းနေသည့် ရှောင်းကျန့်က ဝမ်ရိပေါ်ကိုမြင်တာနဲ့ ပြိုတော့မည့်မိုးကို လွှတ်ချလိုက်သကဲ့သို့ အော်ငိုလာသည်။ ရှောင်းကျန့်အော်ငိုသံကြောင့် ဆေးရုံက လူများက လှည့်ကြည့်လှည့်ကြည့်နဲ့။
ဝမ်ရိပေါ် ရှောင်းကျန့်ခေါင်းလေးကို အသာပုတ်ပေးလိုက်ပြီး...
" မငိုနဲ့နော်။ ကို ရဲတွေစစ်ဆေးတာခံနေရလို့ နည်းနည်းကြာသွားတယ်။ တောင်းပန်ပါတယ်နော်။ မငိုနဲ့တော့...လိမ္မာတယ် "
" ဘယ်သူက လိမ္မာတာလဲ...ဟင့်...ကျွန်တော့်ကိုစိတ်ပူအောင်လုပ်ပြီးမှ....အီးဟီး... "

VOUS LISEZ
Refit System (complete )
Roman d'amouridol image ကို ထိခိုက်လိုခြင်းမရှိပါ ပထမဆုံးအရေးအသားမို့အမှားပေါင်းသောင်းခြောက်ထောင်ခန့်ပါရှိပါသည်