Part-3

5.2K 433 3
                                        


#Uni

မကြာခင်မှာပဲရှောင်ကျန့်အသိဝင်လာကာရိပေါ်ပေါ်မှအတင်းကုန်းထလိုက်သည်

" ငါ...ငါတောင်းပန်ပါတယ် ငါ..."

" အင်းငါလဲ...ေတာင်းပန်ပါတယ် အဟမ်း..."

( ဘယ်လိုလဲ host ကြိုက်လား ကြိုက်လား... ပြီးတော့ဒီမှာ)

ဟုပြောကာဆွဲကြိုးတစ်ကုံးထုတ်ပေးလာသည်ပုံစံလေးကလပေါ်မှာထိုင်နေသည့်ယုန်ပုံစံလေးဖြစ်သည် ရိပေါ်လဲထိုဆွဲကြိုးကိုကိုင်ထားပြီး...

" happy birthday ရှောင်ကျန့်... ငါမင်းကိုဘာပေးရမလဲမသိလို့...ဒါလေးကမင်းနဲ့လိုက်မယ်လို့ငါထင်တယ်.. "

ရှောင်ကျန့်ခနတာကြောင်အသွားပြီးဆွဲကြိုးကိုစိုက်ကြည့်နေပြန်သည် သူထင်ခဲ့တာ ရိပေါ်သူ့မွေးနေ့ကိုဂရုမစိုက်ဘူးလို့ထင်ခဲ့တာ အရင်နှစ်တွေကလို ရိပေါ်တစ်နေကုန်အပြင်သွားနေတာနဲ့ သူ့မွေးနေ့ကိုမေ့နေတာပဲ ကြုံရမယ်လို့ထင်နေတာ...

" ငါဝတ်ပေးလို့ရမလား..."

ထိုစကားသံကြားမှရှောင်ကျန့်အသိပြန်ကပ်လာသည်

" ဟမ်...အာ...မင်းမှတ်မိတာကိုငါအံ့ဩနေတာ မင်းကအမြဲအလုပ်ရှုပ်နေတာဆိုတော့... "

" ငါတောင်းပန်ပါတယ်...နောက်ဆိုမဖြစ်စေရဘူး...အရင်ကငါ့အမှားတွေငါသိပါပြီ... ငါတကယ်နောင်တရတယ်...မင်းကိုလျစ်လျူရှုမိလို့.."

" မဟုတ်ပါဘူး...ရပါတယ်ငါမင်းကိုအပစ်မတင်ပါဘူး...မင်းဝတ်ပေးမယ်ဆို...ဝတ်ပေးလေ.. "

( host ကျောင်းနောက်ကျ.. )

* မင်းအပေါက်ပိတ်ထား.. *

ရိပေါ် system ကိုငေါက်လိုက်ပြီးရှောင်ကျန့်နားကပ်လာကာ လည်ဆွဲလေးကိုသေချာဝတ်ပေးလိုက်သည်

" လိုက်သားပဲ...ယုန်ပေါက်နဲ့ယုန်လည်ဆွဲ... "

" ဝမ်ရိပေါ်...ငါယုန်မဟုတ်ဘူးလို့.. "

ရှောင်ကျန့်ရှေ့သွားနှစ်ချောင်းထွက်လာကာဒေါပွပြီးရိပေါ်ကိုထအော်တော့သည်

" ဟုတ်ပါပြီ...ငယ်လေးကယုန်မဟုတ်ဘူး...ကျောင်းသွားမယ်...နောက်ကျတော့မှာပဲ မြန်မြန်စားရအောင်.. "

Refit System (complete )Hikayelerin yaşadığı yer. Şimdi keşfedin