Part 7

3.6K 274 14
                                    

#uni

စာပြန်စစ်မထားပါအမှားပါရင်ဖြည့်ဖက်ပေးပါ အရာလေးဇက်ကြောတက်လို့တစ်ဖက်ပါစောင်းနေပြီ

အတိတ်ဘဝ....

ရှောင်ကျန့် ရိပေါ်ကိုနှိုးရမလားမနှိုးရမလားမသိဖြစ်နေသည် ညကရိပေါ် အဆောင်ပြန်ရောက်တာနောက်ကျတယ်လေ... သူအိပ်ရေးမဝသေးတာကိုသွားနှိုးမိရင်ရိပေါ်စိတ်ဆိုးမှာကိုဆိုးရိမ်နေသည် အကယ် ၍မနှိုးပြန်ရင်လဲ သူကျောင်းနောက်ကျပါတယ်ဆိုပြီးရှောင်ကျန့်ကိုစိတ်ဆိုးပြန်အုန်းမည်။ 

ရိပေါ်နှင့်ရှောင်ကျန့်က ငယ်ငယ်လေးထဲက သူငယ်ချင်းဖြစ်လာတာကြောင့်မို့ရိပေါ်အကြောင်းကို‌ေရှာင်ကျန့်သေချာသိနေသည်... ၍ယ်ငယ်လေးကတည်းကလို့ပြောတာထပ်မွေးကတည်းကလိုပြောရင်ပိုမှန်မလားပဲ...ရိပေါ်မားနဲ့ရှောင်ကျန့်မားကအရမ်းခင်ကြတဲ့သူငယ်ချင်းတွေလေ ... 

ပြီးတော့သူကရိပေါ်ကို ငယ်ငယ်လေးကတည်းကချစ်လာခဲ့ရတာ ရိပေါ်ရဲ့ အမူအကျင့် ဘာကြိုက်တယ် မကြိုက်ဘူး ကအစ အတွင်းရေးတော်တော်များများအထိအဆုံးသူသိသည် ရိပေါ်မပြောပြရင်တောင်ချစ်နေမိတဲ့ရှောင်ကျန့်ကပဲစုံစမ်းထားသည်လေ...

 သူကသာရိပေါ်အကြောင်းသိပေမယ့်... ရိပေါ်ကတော့.... ဒီနေ့သူမေံးနေ့ဆိုတာတောင်မေ့နေခဲ့သည် မနေ့ညကအိမ်ပြန်နောက်ကျရတာကလဲ ဂျူနီယာတန်းကကောင်မလေးတစ်ယောက်ကိုသွားကြိုပေးနေလို့...

 ညနက်ကြီးမို့ရှောင်ကျန့်တားပေမယ့်... နောက်ဆူံးသူတို့ရန်ဖြစ်ခဲ့တာပဲအဖက်တင်တယ် ထိုကောင်မလေးကိုသွားပို့ပေးပြီးတာတောင်ရိပေါ်ကပြန်မလာလို့ရှောင်ကျန့်ကပဲပြန်ရှာပြီးတောင်'ပန်ထားရတာဖြစ်သည်... တစ်နည်းပြောရလျှင် ရှောင်ကျန့်လဲ ရိပေါ်အိပ်တဲ့အချိန်မှအိပ်ရပြီး သူလဲအိပ်ရေးမဝသေးပါ... 

ရှောင်ကျန့်သိတယ် ရိပေါ်ကသူချစ်နေတာ,ကိုသိလို့သက်သက်ကြီးကိုဆိုးသွမ်းပြီးသူ့ကို Fri zone ထဲထည့်ပိတ်ထားတယ်ဆိုတာ... ဒါပေမယ်ည သူဘာတက်နိုင်မှာလဲ သူမှရိပေါ်ကိုမချစ်ပဲမနေနိုင်တာ... ရိပေါ်ကသူ့အသက်တောင်းရင်တောင်သူပျော်ပျော်ကြီးပေးလိုက်မှာ... ဘာလို့လဲဆိုတော့ရိပေါ်တောင်းဆိုတာဖ့စ်နေလို့လေ...

Refit System (complete )Donde viven las historias. Descúbrelo ahora