#Uni
" ရိပေါ်...မင်းပြောင်းလဲသွားတယ်နော်... ဒါပေမယ့်မင်းပြောင်းလဲသွားတာကိုငါကြိုက်တယ်... "
" တကယ်လား...ငါအရင်က ကန်းနေခဲ့လို့ပါ... အခုတော့ငါသေချာမြင်ရပြီ...ငါ့အတွက်အမြဲရှိနေပေးမယ့်မင့းကို... "
" ဟားဟားဟား...မင်းဟာသတွေလဲပြောတတ်လာတယ်.. ရိပေါ်ငါကမင်းဖန်းယင်းအာကိုကြိုက်နေတယ်ထင်တာ.. "
" ဟင့်အင်းငါသူ့ကိုမကြိုက်ပါဘူး.. "
ရိပေါ်အဖြေနဲ့အတူရှောင်ကျန့်ပါးကိုဆွဲလိုက်သည်ရှောင်ကျန့်မျက်နှာလေးရဲသွားကာရိပေါ်လက်ကိုဖျက်ရိုက်ချပြီးဘာလုပ်ရမှာလဲဆိုသည့်ပုံစံဖြင့်လှည့်သွားသည်။
" မင်းသူ့ကိုမကြိုက်ဘူးဆိုတော့မင်းကြိုက်နေတဲ့သူရောရှိလား.. "
" ဒါပေါ့...ငါကြိုက်နေတဲ့သူသေချာပေါက်ရှိတာပေါ့... "
ရှောင်ကျန့်မျက်နှာပြန်ညှိုးသွားပြီးခနနေမှပြုံးလိုက်ကာ
" ကောင်းတာပေါ့... မင်းအတွက်ဆုတောင်းပေးပါတယ်... "
ရိပေါ်ကတော့ခေါင်းငြှိမ့်လိုက်ပြီးမှ...
" ဒီည ညစာငါချက်ကျွေးမယ် မင်းငါ့အိမ်လိုက်ခဲ့ပါလား... အဆောင်မပြန်တော့ဘူး.. "
" ဖြစ်လို့လား... ငါ..လိုက်လို့..."
" ရတာပေါ့ ဘာလို့မရရမှာလဲ.. "
" ကောကော..ဘာလဲ ဒီနေ့ကောကောအိမ်သွားမလို့လား.. ယင်းအာလိုက်ခဲ့မယ်နော်.. ကျောင်းဆင်းရင်သွားမှာလား... "
ဖန်းယင်းအာက ရိပေါ်အခန်းဆီလာနေကျဖြစ်တာကြောင့်ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နေသည် ဆရာမတွေကလဲလွှတ်ပေးထားသည်
" မင်းကိုခေါ်မယ်လို့ငါပြောမိလို့လား... ငါရှောင်ကျန့်နဲ့ နှစ်ယောက်ထဲ date မို့.. မင်းလာလို့မရဘူး.. "
" d...date? "
ရှောင်ကျန့်မျက်လုံးကျွတ်ထွက်မတတ်ပြူးသွားကာပြန်မေးလာသည်ယငး်အာကလဲမျက်နှာပျက်သွားသည်
" ရိပေါ်...ဟိုဟာလေ...ငါ...မအားလို့.. ဒီညသွားစရာရှိတယ် ဟိုကောင်တွေနဲ့ချိန်းထားတာလေ.. "

VOUS LISEZ
Refit System (complete )
Roman d'amouridol image ကို ထိခိုက်လိုခြင်းမရှိပါ ပထမဆုံးအရေးအသားမို့အမှားပေါင်းသောင်းခြောက်ထောင်ခန့်ပါရှိပါသည်