"ဝမ်ကော လာလာ"
"နင်ကဘယ်လိုလုပ်ပါတာတုန်း"
မေးတာကတစ်ယောက် ၊ဖြေလာတာကတစ်ယောက်
"ရှောင်ချန်းလည်းလိုက်ချင်တယ်ဆိုလို့ ဆိုင်ဖွင့်လည်းသူတစ်ယောက်ထဲပဲမို့ခေါ်လာတာ"
"ဆင်း"
"ဟမ်"
"နင်ဆင်း အနောက်ခုံမှာသွားထိုင်"
"အော် ဟုတ်ဟုတ်"
အရှေ့ခုံကနေအနောက်ခုံကို ရှောင်ချန်းတစ်ယောက်ယောင်လည်လည်နဲ့ရောက်လာသည် ၊ ထိုင်ခုံလေးပဲကိုဝမ်ကောကအရမ်းသဝန်တိုတာပဲ ။မပူပါနဲ့
ဒီရှောင်ချန်းလေးကဝမ်ရိပေါ်ဆိုတဲ့ကောတစ်ယောက်ထဲကိုချစ်တာပါ ကိုတော့စိတ်ထဲကပဲပြောမိတော့သည် ။"ကလေးနဲ့တောင်လိုက်ပြိုင်နေတာပဲရိပေါ်"
"ကျန့်ကော"
ဒီလိုခေါ်တာကိုသူပိုကြိုက်ပါသည် ၊ဒါပေမယ့်ရိပေါ်ဒီလိုခေါ်ရင်သူ့ကိုစိတ်ဆိုးလို့ဖြစ်သည် ။ ဒါဟာသူနဲ့ခင်လာတဲ့၅လမှာသိရတဲ့သူ့အကြောင်းတစ်ခုပင် ။
ဆူငေါက်သလိုအော်ပြီး ဟိုဘက်လှည့်သွားတဲ့ရိပေါ်ကိုကြည့်ပြီးရှောင်းကျန့်ပြုံးမိသည် ။ဒီကောင်လေးကအရမ်းကလေးဆန်တတ်တာ ၊ ရှောင်ချန်းဆိုတဲ့ကလေးမကလည်းဝမ်ရိပေါ်မှဝမ်ရိပေါ် ၊ ဝမ်ရိပေါ်ဆိုတာကလည်း ...အင်း သူ့ကိုအဖတ်ကိုမလုပ်တာ ။တိတ်ဆိတ်နေတဲ့ကားလေးကတစ်နာရီလောက်အကြာမှာမြို့ထဲသို့ရောက်ရှိလာခဲ့သည် ။ တစ်လမ်းလုံးစကားမပြောပဲလူကိုပဲကြည့်နေသော ဝမ်ရိပေါ်ကအခုထိကြည့်နေတုန်းပင် ၊ အနောက်ကရှောင်ချန်းတစ်ယောက်ကလည်းအရှေ့ကငြိမ်နေတဲ့နှစ်ယောက်ကို လိုက်ကြည့်နေပြီးဘာမှမပြောပေ ။
"အဟမ်း ရှောင်ချန်းသွားတော့မယ် ဆရာရှောင်းစက်ဘီးဝယ်ပြီးရင်ပြန်နှငိ့တော့နေိာ ရှောင်ချန်းကိုယ့်ဘာသာပြန်လာမယ်"
"အင်း ဂရုစိုက်သွား"
ရှောင်ချန်းကားပေါ်ကဆင်းသွားတော့မှ ဘေးကတိတ်ဆိတ်နေတဲ့ဝမ်ရိပေါ်ကို ပြန်ကြည့်လိုက်သည် ။
"ငါစက်ဘီးဝယ်ဖို့မင်းလိုက်ကြညိ့ပေးမယ်မလား"
"ညစာကျွေး"
YOU ARE READING
You Are Mine(completed)
Fanfiction"ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" ********* "ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" Start -28/7/2021 End-11/12/2021