မနက်ဆိုင်လာတိုင်းစက်ဘီးနဲ့လိုက်ပို့နေကြ ရိပေါ်ကို
အမှာစာတွေသွားကောက်ရန် မြို့ထဲကိုခေါ်သွားသောရီရှင်းစနက်ကြောင့် ရှောင်းကျန့်တစ်ယောက်ဆိုင်ကိုလမ်းလျှောက်သွားနေရသည် ။ရှောင်ချန်းကလည်း
ကျောင်းပစ္စည်းဝယ်ရမည်ဟူသောအကြောင်းပြချက်ဖြင့်နေ့တစ်ဝက်ခွင့်ယူသွားတာမို့ တောင်ထိပ်ကဆိုင်လေးမှာတစ်ယောက်ထဲအထီးကျန်နေသည်။ဒီနေ့မှလုပ်စရာအလုပ်တွေကလည်းမြန်မြန်ပြီးသွားတာမို့အချိန်ကြည့်တော့ ၆နာရီ ၊ဆောင်းဝင်ပြီမို့မနက်
နေရောင်ခြည်ဟာနိုးထိဖို့နောက်ကျနေသည် ။ရှောင်းကျန့်တစ်ယောက်ဆိုင်ပြင်က ခုံလေးမှာထိုင်နေရင်းမီးမှိတ်ထားတဲ့ပန်းဆိုင်လေးဘက်ကို ကြည့်နေမိသည်။
လူလည်းမရှိတာမို့မျက်စိအနားပေးသည့်သဘောဖြင့်
ခဏလောက်မှေးနေလိုက်သည် ။"အမ် ဘာသုံးဆောင်မလဲဗျ"
"အာ အိပ်နေတာနှောင့်ယှက်မိသလိုဖြစ်သွားလား"
"မဟုတ်တာ ကျွန်တော်ကပဲတောင်းပန်ရမှာပါ"
"Chocolate Coffee တစ်ခွက်ပေးပါ"
ဝမ်ရိပေါ်နေတဲ့ရွာကမြို့ထဲကနေ ၃နာရီလောက်ဆိုရောက်ပြီဖြစ်သော်လည်း ရွာအနီးကမြို့မှာပဲတည်းလိုက်ကာ မနက်စောစောမှသာဝမ်ရိပေါ်ကိုရှာရန်ထွက်လာလိုက်သည် ။တောင်ထိပ်နားမှာမြင်လိုက်ရတဲ့အ
ပြင်အဆင်ကြောင့်လာကြည့်မိရင်း Coffeeဆိုင်ရှေ့
မှာအိပ်နေတဲ့လူသားဆီအကြည့်ရောက်မိသည် ။
ဒီလိုတောင်ပေါ်ရွာလေးမှာ ဒီလိုကြည့်ကောင်းတဲ့လူကိုမြင်ရတာပထမဆုံးမို့ ယုလျန်တစ်ယောက်အိပ်နေတဲ့သူ့ကိုမနှိုးတော့ဘဲ ရပ်ကြည့်နေမိသည် ။ရပ်ကြည့်နေရာက နိုးလာသူရဲ့စကားကြောင့်ထိုလူကCoffeeဆိုငိလာတဲ့သူထင်နေပုံမို့ ယုလျန်လည်းဆိုင်ထဲဝင်ပြီးသာကော်ဖီမှာလိုကိတော့သည် ။
ကော်ဖီဖျော်နေသည့်အေပရွန်နဲ့ယောကျာ်းလေးတစ်ယောက်ရဲ့နောက်ကျောက ဘာတွေများစိတ်ဝင်စားစရာရှိနေလဲမသိရအောင် ယုလျန်တစ်ယောက်ကြည့်နေမိသည် ။ သေချာတာကဒီလူသားဆီမှာလည်း ဝမ်ရိပေါ်လိုမလျော့သောဆွဲဆောင်မှုတွေ ရှိသည် ။
YOU ARE READING
You Are Mine(completed)
Fanfic"ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" ********* "ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" Start -28/7/2021 End-11/12/2021