A/N
Surprised!!
Double Updateပါ 😗
သဘောကျရင်ဈေးဗန်းခင်းပေးကြတော့*****
"မင်းမမောသေးဘူးလားရိပေါ်"
တစ်လမ်းလုံးစက်ဘီးနင်းရင်း သီချင်းတွေဆိုလာသောဝမ်ရိပေါ်အစား သူပင်မောနေပြီ ။
"မောပေမယ့် ချစ်ရသူအတွက်လေ"
"အယ် အဲ့တာအသားယူတာလား"
သူ့ခါးကိုဖတ်ထားရင်းမှ နောက်ကျောကိုမျက်နှာအပ်ပြီးမှီလိုက်တာကြောင့် ထွက်လာတဲ့အသံလေး ။
"ငါပိုင်တဲ့လူကိုငါကြိုက်တာလုပ်မှာပေါ့"
"ဒါဆိုဟိုလာလည်းလုပ်ကြရအောင်"
နည်းနည်းလေးအခွင့်အရေးပေးတာနဲ့ ရဲတင်းလာတဲ့သူကြောင့်ဗိုက်ခေါက်ကို ခပ်နာနာလိမ်ဆွဲပစ်လိုက်သည် ။ အဲ့မှာပါးစပ်ဆော့ချင်ဦး ။
"ဗိုက်ကိုလိမ်ဆွဲတာကလေကြာတော့သိပ်မနာတော့ဘူး ၊နောက်တစ်ခါအဲ့လိုပေါက်ကရပြောတဲ့နှုတ်ခမ်းကိုကိုက်ပါလား"
"တော်စမ်း ဟိုထိပ်နားလေးမှာနားရအောင်"
"အင်း"
အသင့်ယူလာတဲ့အခင်းလေးကိုခင်းပြီး နှစ်ယောက်သားထိုင်မိတော့ နေကြာပန်းခင်းကြီးကိုမြင်ရသော
သစ်ပင်အောက် ။ အပူဓာတ်နှင့်အလင်းဓာတ်ပေးနေသောနေမင်းကြီးက သစ်ပင်ရဲ့ကိုင်းတွေကြားက
တစ်ချက်တစ်ချက် သစ်ပင်အောက်ကချစ်သူကောင်လေးနှစ်ယောက်ကို ခိုးခိုးကြည့်နေတတ်သေးသည် ။
(A/N နေကွက်ပြီးကျတတ်တာကိုပြောတာ)"နေကြာပန်းတွေလှလိုက်တာ"
"ကျွန်တော့်ဘေးမှာထိုင်နေတဲ့လူသားလောက်တော့
ဘယ်လှမလဲ"အမြဲတမ်းပေါက်ကရတွေနဲ့ သူ့ရဲ့ချစ်ကြောင်းတွေ
ပြောပြတတ်တဲ့ကောင်လေးက အရင်တိုင်းပေါက်ကရတွေပြောနေဆဲဖြစ်သလို သူကလည်းထိုကောင်လေးရဲ့စကားတွေကြောင့် ပြုံးနေမိတုန်းပင် ။"မင်းဒီမြို့လေးမှာနေရတာကြိုက်လားရိပေါ်
ငါကတော့မင်းဘေးမှာနေရတာပိုကြိုက်တယ်""ဟား ဟား...ကျန့်ကောကကျွန်တော့်ကိုတောင်ပြန်
ဖလစ်နေပြီပေါ့"
YOU ARE READING
You Are Mine(completed)
Fanfiction"ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" ********* "ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" Start -28/7/2021 End-11/12/2021