နူးညံ့သောချစ်ခွင့်ပန်ခြင်း(နူးည့ံသောချစ်ခွင့်ပန်ခြင်း)

996 95 8
                                    


"ဆရာရှောင်း ဆိုင်ခဏကြည့်ပေးပါလား
ခဏနေပြန်လာမယ်နော်"

အာ...ကိုယ်တောင်ဘာမှမပြောရသေး၊ကိုယ့်ကိုတစ်ခွန်းသာပြောပြီးထွက်သွားသော ရီရှင်းကအလျင်လိုနေပုံပေါ်သည် ။ဆိုင်မှာလည်းရှောင်ချန်းရှိတာကြောင့်
လူမရှိတဲ့ပန်းဆိုင်ကိုသူသွားစောင့်ပေးရန် တွေးမိသည် ။ ခဏလောက်ဘဲမို့အေပရွန်ကိုမချွတ်တော့ပဲပန်းဆိုင်ထဲဝင်သွားတော့ ဒီနေ့မှအပြင်အဆင်ပြောင်းလဲနေပုံရှိသည့်ပန်းဆိုင်က သူစိတ်ထင်နေတာဖြစ်မည်ဟုသာတွေးပြီး ဆိုင်ထဲဝင်ထိုင်နေလိုက်သည် ။

ခုံမှာထိုင်ရင်းချထားတဲ့စာအုပ်ကိုသူယူဖတ်နေကာ
တွေးမိသည်ကဝမ်ရိပေါ်ဘယ်ပျောက်နေလဲပင်။

"တီး...တောင်"

ဘဲလ်မြည်သံလိုအသံတစ်ခုထွက်လာတာကြောင့်
သူမတ်တပ်ရပ်မိတော့ ပန်းဆိုင်ထဲဝင်လာတဲ့လိပ်ပြာ
ရောင်စုံကြောင့်သူအံ့သြသွားရသည် ။ ပန်းဆိုင်အတွင်းပြည့်နှက်နေတဲ့ရောင်စုံလိပ်ပြာတွေနှင့် ဆိုင်ထဲကပန်းတွေကဘယ်လိုအဓိပ္ပါယ်မျိုးနဲ့မှ ပြောပြမရအောင်ပြည့်စုံနေတာဖြစ်သည် ။

"ချလွမ်"

လိပ်ပြာတွေကိုငေးကြည့်ရင်းမှနောက်ကထပ်ထွက်လာတဲ့ အသံကြောင့်သူလှည့်ကြည့်မိတော့ နှင်းဆီနီနီပန်းစည်းကြီးကိုကိုင်ထားတဲ့ဝမ်ရိပေါ်ပင်ဖြစ်သည်။
အနက်ရောင်လက်ရှည်ကိုတံတောင်ဆစ်ထိခေါက်ဝတ်ထားသူက တည်ကြည်နေတဲ့မျက်နှာမျိုးနှင့်သူ့ရှေ့ကိုလျှောက်လာတာဖြစ်သည် ။

"ဆရာရှောင်းအချစ်ကိုဘယ်လိုသတ်မှတ်လဲ"

ရုတ်တရတ်ထမေးတဲ့မေးခွန်းကြောင့် သူအခုဖြစ်နေတာတွေနဲ့ဆက်စပ်ကြည့်မိလိုက်သည် ။ဝမ်ရိပေါ်မိန်းကလေးကိုချစ်ခွင့်ပန်ဖို့လေ့ကျင့်နေတာပဲ ။

"ငါသတ်မှတ်ထားတဲ့အချစ်ကတော့ ချစ်ရတဲ့သူပျော်နေရင်ရပြီ"

"ကျွန်တော်တော့အချစ်ကိုဘယ်လိုမှမထင်ဘူး
ကျွန်တော့်အချစ်ကဆရာရှောင်းမို့လို့လေ"

"ဟမ် ရိပေါ်..မင်း"

"လိပ်ပြာတွေနဲ့ပန်းတွေကလိုက်ဖက်တယ်မလား
ဆရာရှောင်း"

You Are Mine(completed)Where stories live. Discover now