Ep-5

2.1K 263 17
                                    

မနေ့ကတစ်နေ့လုံးရှောင်းကျန့်ကိုရှာရန်ပျောက်သွားသောဝမ်ရိပေါ်သည် ဒီနေ့လည်းfinalပွဲဆိုသော
အကြောင်းပြချက်နှင့် ဆိုင်မလာ။ ဆိုင်ကိုရောင်းကောင်းအောင်လုပ်ပြီး ရှယ်ယာဝင်ထားသည့်တစ်ခုတည်းသောသူ့ရည်မှန်းချက်ကရှောင်းကျန့်နဲ့နီးနီးကပ်ကပ်နေနိုင်အောင်ဖြစ်သည်မို့ အပြစ်ပြော၍လည်းမရ။
ဒါတောင်ဟိုကသူ့ကိုပြန်မကြိုက်လို့ ပြန်များကြိုက်ရင်ဝမ်ရိပေါ်တစ်ယောက်ဆိုင်မှာတောင်ရှိမှာမဟုတ် ၊
ပေါင်မုန့်ဆိုင်နဲ့ရှောင်းကျန့်အိမ် ၊ရှောင်းကျန့်အိမ်နှင့်ပေါင်မုန့်ဆိုင်သာဖြစ်နေမည်ကိုတွေး၍ ရီရှင်းတစ်ယောက်စိတ်ပူမိသေးသည် ။

"ကြွပါ အော်ရှောင်းကျန့် ရိပေါ်ဒီနေ့ဆိုင်မလာဘူးလေ"

"အာ မဟုတ်ဘူး ပန်းလာဝယ်တာ"

"ဘာပန်းယူမလြဲကည့်လေ"

"ရိပေါ်ကိုပေးဖို့"

"ဟမ်"

ဘာလဲ သူတို့နှစ်ယောက်ကတွဲနေကြပြီလား ။
ငါတောင်မသိလိုက်ပါလား ၊ဘာတွေဖြစ်ကုန်တာတုန်း။

"ရိပေါ်ပြိုင်ပွဲအတွက်ပန်းစည်းပေးမလို့ပါ"

"အော် သိပြီသိပြီ ဒါဆိုအဝါရောင်ဂန္ဓာမာလေး"

"အဲ့တာဘာအဓိပ္ပါယ်ပဲလဲရီရှင်း"

"အော် အောင်နိုင်ခြင်း အားတင်းထားပေါ့
သူ့ပြိုင်ပွဲအတွက်လေ"

"အင်း အဲ့ဒါယူမယ်"

မသိမသာကြိတ်ပြုံးနေတဲ့ရီရှင်းမျက်နှာကိုတော့ ရှောင်းကျန့်မမြင်လိုက်ချေ ။

ရှောင်ချနိးတစ်ယောက်မနက်မိုးလင်းထဲကဆိုင်ရှင်း၊
အလုပ်လုပ်နေရတာအခုမှနားရသည် ။ဒါတောင်
နေ့လည်၁၁ရှိပြီမို့သာ ၊ဒါတောင်အစပဲရှိသေးတယ်။
နောင်နောင်သူတို့သွားချိန်းတွေ့ရင် ဆိုင်ကိုဒီတိုင်းပစ်သွားမလားမသိဘူး ၊မဖြစ်ဘူး ကျောင်းမြန်မြန်ဖွင့်မှပဲ။

"ကြွပါ"

တွေးလို့ပင်မဆုံးသေး ၊ဝယ်သူထပ်ရောက်လာပြန်ပြီ။
ငါလည်းဘဲလိုချင်တယ်လို့......။

*****

"ရိပေါ် ငါတို့နဲ့တစ်ခုလောက်လောင်းပေးပါလား"

You Are Mine(completed)Where stories live. Discover now