"ဝမ်ရိပေါ်""မာမား ဖြေးဖြေးလျှောက်"
အသက်တွေကြီးလာပြီဖြစ်တဲ့မာမားကို မရှိတော့တဲ့ပါပါးအစားဂရုစိုက်ပေးရသည် ။ လူကြီးရောဂါဖြင့်ကွယ်လွန်သွားသောပါပါးကြောင့် တောင်ပေါ်ရွာလေးမှာဘဲမာမားကလာနေတော့သည် ။ ပါပါးကုမ္ပဏီကရှယ်ယာတွေရောင်းချပြီး မိဘမဲ့ဂေဟာနဲ့လိုအပ်တဲ့နေရာတွေကိုထောက်ပံ့ခဲ့ပြီး ကောကျန်းတို့ကုမ္ပဏီနှင့်လည်းပူးပေါင်းထားသည် ။
ကျန့်ကောကလည်းပေါင်မုန့်ဆိုင်လေးဖွင့်ထားသလို
သူကလည်းကောကျန်းမရှိတော့တဲ့ပန်းဆိုင်လေးကို
ဂရုစိုက်ရသည် ။ ရှောင်ချန်းကတော့ပညာတော်သင်သွားနေရသည်အထိ စာကြိုးစားခဲ့တာမို့အခုထိသူတို့နှင့်မတွေ့ရသေး ၊ ကောကျန်းကတော့ကုမ္ပဏီကိစ္စတွေကိုကိုရီးယားကသူ့ကောင်လေးနှင့်အတူ ဦးစီးလုပ်ကိုင်နေပြီ ။အချိန်တွေကုန်တာမြန်သလို သူတို့တွေအကုန်လုံးလည်းပြောင်းလဲသွားကြသည် ။မပြောင်းလဲသေးတာဆိုလို့ ကျန့်ကောကိုချစ်တဲ့သူ့ရဲ့အချစ်တွေသာရှိတော့သည် ။ကျန့်ကောကတော့
သူ့မွေးစားသားကိုသာ ကိုယ့်ထက်ပိုဦးစားပေးတော့သည် ။ Wang Boxiao(ဝမ်ဘိုရှောင်း)ဟူသော
ကလေးကိုကျန့်ကောဂေဟာအလည်သွားတဲ့နေ့မှာ
တွေ့ခဲ့ပြီးမွေးစားဖို့ခေါ်လာခြင်းဖြစ်သည် ။ အစကသဘောမကျပေမယ့်ကလေးချစ်တတ်တဲ့ချစ်ရသူကြောင့်မွေးစားဖို့သဘောတူလိုက်ရတာဖြစ်သည် ။မွေးကင်းစအရွယ်တည်းကနို့ဘူးဖျော်တိုက်ပြီး မွေးခဲ့ရတဲ့ကလေးကအခုတီတီတာတာတွေပြောတတ်နေသလို တစ်ခါတစ်ရံကိုယ့်အမှားတွေကိုသူ့ပါပါးကျန့်ကောကိုတိုင်ပြောတတ်သေးသည် ။ ပေါင်မုန့်ဆိုင်မှာလူမခေါ်ဘဲနှင့်တစ်ယောက်တည်းအလုပ်ရှုပ်နေတတ်သောကျန့်ကောကြောင့် ပန်းဆိုင်မှာအားနေတဲ့သူကသာကလေးကိုပိုထိန်းဖြစ်သည် ။တစ်ခါတစ်ရံနှစ်ယောက်လုံးမအားတဲ့အချိန်မျိုးဆိုရင် မာမားကကူထိန်းပေးတာမို့အဆင်ပြေနေတာဖြစ်သည် ။
ဒီနေ့ကသူတို့မိသားစုရဲ့holidayလေးဖြစ်တဲ့အတွက်ပျော်ပွဲစားထွက်ရန် နေကြာခင်းတို့ရှိရာကိုသွားကြမှာဖြစ်သည် ။အရင်ကဆိုကျန့်ကောနှင့်နှစ်ယောက်တည်းစက်ဘီးလေးနင်းရင်း ကြည်နူးရမှာဖြစ်ပေမယ့်အခုတော့လူပိုတွေအနေနှင့် မာမားနဲ့အတူဝမ်ပေါက်စပါ
ပါသည်မို့ကားနှင့်သာ သွားရတော့သည် ။
YOU ARE READING
You Are Mine(completed)
Fanfiction"ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" ********* "ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" Start -28/7/2021 End-11/12/2021