"မင်းသေချာလို့လားကွာ"
"ကျွန်မငွေချေပြီးသွားပြီ မနက်ဖြန်အဲ့ကိုပြောင်းမယ်
ရှင်လိုက်ချင်လိုက် မလိုက်ချင်နှုတ်လုံလုံနေ"ဘယ်လိုအာဂယောကျာ်းပဲဖြစ်နေပါစေ
အိမ်ကမိန်းမကိုကြောက်ရတယ်ဆိုတာ တကယ်အမှန်ပင် ။ မနေ့ကမှသားအိမ်လာသွားတာကို ဘယ်ကနေဘယ်လိုအဲ့မြို့မှာအိမ်ဝယ်လိုက်လဲမသိ ၊ဝယ်တော့လည်းသားကောင်လေးအိမ်ရဲ့ မျက်စောင်းထိုးတဲ့ ။
သေချာပေါက်အဲ့အိမ်ကိုမြင်ရမယ့်နေရာတဲ့လေ ။
တကယ်ပဲ မိန်းမတွေတအားကြောက်ဖို့ကောင်းသလို
အရမ်းလည်းအပြောင်းအလဲမြန်တယ် ။မနေ့ကသူပဲသားမိန်းမမယူရင်သေတော့မယ်ပုံနဲ့
အခုကြတော့သားကောင်လေးဆိုတော့ လေ့လာကြည့်ရတော့မှာပေါ့တဲ့ ။ မတတ်နိုင်သားကောင်လေးကို
သွားကြည့်တာချင်းအတူတူ မိန်းမနဲ့လည်းအပန်းဖြေခရီးထွက်တယ်လို့ပဲသဘောထားလိုက်တာပေါ့ ။****
"ဟယ်လို ဆရာရှောင်း ရိပေါ်ရော"
ခြံထဲမှာစာထိုင်ဖတ်နေတဲ့ ဆရာရှောင်းကိုမြင်တာနဲ့
ရှောင်ချန်းတစ်ယောက်မေးမိလိုက်သည် ။မနေ့ကဝမ်ရိပေါ်တစ်ယောက်အိမ်ကပြန်လာလာချင်း ဆိုင်တောင်မလာပဲဆရာရှောင်းအိမ်မှာညအိပ်တဲ့အကြောင်း
ကောကျန်းပြောပြပြီးပြီမို့ ရှောင်ချန်းတစ်ယောက်အခြေအနေတွေကိုအရမ်းကျေနပ်မိသည် ။ဝမ်ရိပေါ်ငါတို့ဆရာရှောင်းကိုညှင်သာမှာပါ ။
"ခြံနောက်မှာ"
အမယ်.. မသိရင်တကယ့်လင်မယားတွေလိုပဲ ။
ဇနီးကစာအုပ်ဖတ်ရင်ယောကျာ်းကပန်းပင်တွေစိုက်
နေတာမျိုးလား ။"ရိပေါ်တို့ကရည်းစားရပြီးမှ အပိုးကျိုးနေတာ"
"အဲ နင်လာနင်လာ "
"ဘာဖြစ်လို့တုန်း"
"မနေ့ကငါ့အိမ်ကအကြောင်းတွေနင်တို့ပြောလိုက်
တာမလား""အဲ ဟုတ်တယ်..အဲ့တာ"
"နင်သိလား မနေ့ကငါညစာပါငတ်သွားတာ"
"ဟယ် အဲ့ဒါကြောင့်ဆရာရှောင်းအစောကြီးနိုးနေတာလား "
"ရူးနေလား ငါပြောတဲ့ညစာကထမင်းကိုပြောတာ"
YOU ARE READING
You Are Mine(completed)
Fanfiction"ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" ********* "ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" Start -28/7/2021 End-11/12/2021