"ကျန့်ကောကလည်း"
အမျိုးမျိုးဂျီနေပြီး ချစ်ဖို့ကောင်းအောင်လုပ်နေသော်လည်း ဒီတစ်ခါတော့ရှောင်းကျန့်အလိုလိုက်လို့မဖြစ်ပါ။
ကိုယ်ချစ်ရသူရဲ့အမေကိုမနေ့ကပဲ ဘယ်ကရမှန်းမသိတဲ့သတ္တိတွေနဲ့ပြောချင်သာပြောထားပြီး ဒီနေ့အိမ်ထိလိုက်သွားပါကမျက်နှာပြောင်တိုက်လွန်းနေပြီ ။"ဒီညအိမ်မှာပဲအိပ်သွား"
"တကယ်လား"
"အင်း ငါရေချိုးပြီးညစာချက်လိုက်ဦးမယ်"
အနောက်မှာကျန်ခဲ့တဲ့ကောင်လေးကိုမကြည့်တော့ပဲ
ရေချိုးရန်သာအပေါ်ထပ်ကိုတတ်လိုကိတော့သည် ။
ထိုကောင်လေးကိုဘယ်လိုစိတ်ဆိုးအောင်လုပ်ပြီး
ဘယ်လိုချော့ရမလဲရှောင်းကျန့်သိသည် ။အဲ့လိုသိအောင်လည်းရှောင်းကျန့်တစ်ရိပ်ရိပ်ကြည့်နေရသည်
အထိချစ်တာဖြစ်သည် ။အရင်လိုပဲညစာချက်နေသည့် ကျန့်ကောနောက်ကျောကိုကြည့်ကာ ဝမ်ရိပေါ်တစ်ယောက်ပြုံးနေမိဆဲ ၊
အနှီလူသားကိုလည်းမြတ်နိုးသလို တစ်ခါမှမဆန့်ကျင်ဖူးတဲ့အထိမာမားကိုလည်း ချစ်ပါသည် ။ချစ်ရသောလူသားနှစ်ယောက်ကိုရွေးချယ်ရမည်ဆိုလျှင်.....။"နေဝင်တာအဲ့လောက်တောင်ကြည့်ကောင်းလား"
အိမ်ရှေ့ဝရံတာလေးမှာထိုင်နေကာ ပျောက်ကွယ်ခါစနေမင်းကြီးကိုအချိန်အတန်ကြာကြည့်နေသော ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မေးလိုက်ခြင်းပင် ။
"မဟုတ်ပါဘူး ကျွန်တော်စဉ်းစားမိတာ နေဝင်တာနဲ့အရာအားလုံးကအမှောင်ကျသွားတာကို"
"ထူးထူးဆန်းဆန်းတွေ"
"ကျွန်တော့်ဘဝကလည်းမာမားမရှိရင် အမှောင်ထဲမှာလမ်းပျောက်သွားမယ်ထင်တယ်"
သူသိတာပေါ့ ၊ဝမ်ရိပေါ်ဆိုတဲ့အနှီကောင်လေးသူ့မာမားကိုဘယ်လောက်ချစ်တတ်လဲဆိုတာ ။
"မင်းအမှောင်ထဲမှာလမ်းပျောက်နေရင် ငါကမင်းတစ်ယောက်ထဲအတွက်လမ်းပြပေးမယ့်ကြယ်လေး
ဖြစ်နေမှာမို့ အများကြီးတွေမတွေးပါနဲ့ဝမ်ရိပေါ်""ကျန့်ကောကကျွန်တော့်ရဲ့ကြယ်လေးလေ
ဝမ်ရိပေါ်ကိုအမြဲတမ်းလမ်းပြပေးမယ့်ကြယ်လေး"

YOU ARE READING
You Are Mine(completed)
Fanfiction"ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" ********* "ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" Start -28/7/2021 End-11/12/2021