ကိုယ်တကယ်အတည်ချစ်တော့မယ်ဆိုပြီး ဒီလူသားကိုရွေးချယ်ခဲ့တယ် ။ ဒီလူသားကလည်းအတည်ချစ်တော့မယ်ဆိုပြီး သူသဘောကျတဲ့လူကိုရွေးတယ် ။
သူသဘောကျတဲ့လူကအခြားသူဆို ကိုယ်ပေါက်ကွဲမိပြီးလက်လျော့မှာမဟုတ်ဘူး ၊ဒါပေမယ့်သူသဘောကျတဲ့လူကမိမိအကိုအရင်းတစ်ယောက်လို ချစ်ရပါသောလူသားဖြစ်နေသည်တဲ့ ။ သွေးပူတုန်းဒေါသဖြစ်မိသော်လည်း ကိုယ်နဲ့မရလည်းကိုယ့်အကိုနဲ့ရတာဖြေသာတယ်လို့တွေးမိလာတယ် ။"ရော့"
"ရှောင်ချနိးအတွက်လား"
"မဟုတ်ဘူး ကျန့်ကောအတွက်"
"အဲ့ဒါကိုယိ့ဘာသာပေးပါလား"
"ငါပေးရင်မယူမှာဆိုးလို့ နင်ငါ့ဆိုင်ကဝယ်လာတယ်ပြောလိုက်"
လက်ထဲမှအနီရောင်နှင်းဆီပန်းစည်းကြီးကလူကိုလှောင်နေသယောင် ။ မိမိသည်ဝမ်ရိပေါ်ဆိုသောလူသားကိုသဘောကျနေတာမို့ဝမ်ကောဟုပြောင်းခေါ်ခဲ့ပြီး ဝမ်ရိပေါ်ဆိုသောလူသားကတော့ရှောင်းကျန့်ဆိုတဲ့ဆရာရှောင်းကိုသဘောကျနေမို့ကျန့်ကောလို့ခေါ်နေသည်ကို သတိမထားမိခဲ့ပေ ။မတတ်နိုင်ပေ ၊
မစားရတဲ့အမဲသဲနဲ့တော့ပတ်ရမည် ။"ဆရာရှောင်း ဒီမှာဆရာရှောင်းအတွက်တဲ့"
"ဘယ်သူကလဲ"
"ဝမ်ကော"
"ဘာလို့ပေးတာတုန်း"
"မနေ့ကမုန့်လာပို့ပေးလို့တဲ့ ဒါရွာထဲပို့ရမယ့်ဟာမလား ရှောင်ချန်းသွားပို့လိုက်မယ်"
အဖြေတောင်မစောင့်ပဲထွက်သွားသောသူမကိုကြည့်မိတာတစ်ခုခုထူးဆန်းနေသလိုပင် ၊အရင်ဆိုဝမ်ရိပေါ်ပေးသမျှပစ္စည်းတွေကို သူယူမည်ဟုပြောထားတာမို့ခွင့်ပေးထားတာ ။ အခုတော့သူကပြန်လာပေးနေတယ် ၊ရိပေါ်ကိုမကြိုက်တော့ဘူးလား ။
ဒါလည်းငါနဲ့မှမဆိုင်တာ ဆိုတဲ့အတွေးနဲ့လက်ထဲကနှင်းဆီပန်းတွေကို ဆိုင်ပန်းအိုးတွေမှာလိုက်ထည့်ပြီး
အလှဆင်လိုက်သည် ။ မကြာခင်တက္ကသိုလ်တွေပြန်ဖွငိ့တော့မှာမို့ ရှောင်ချန်းအစားပါဆယ်တွေလိုက်ပို့ရင်စက်ဘီးလေးနဲ့မှအဆင်ပြေမည် ။စက်ဘီးဝယ်ပြီးမစီးတတ်တော့အလှထိုင်ကြည့်နေရတာပေါ့ ။
YOU ARE READING
You Are Mine(completed)
Fanfiction"ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" ********* "ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" Start -28/7/2021 End-11/12/2021