"ကျန့်ကော"
"အင်း"
"ကျွန်တော်...."
"ဘာလဲ"
"ကျွန်တော်ကျန့်ကောကိုချစ်တာသိတယ်မလား"
"ရှူး တိုးတိုးပြောစမ်းပါ"
"ဘာလို့လဲ ကျွန်တော်ကကျန့်ကောအတွက်အဲ့လောက်တောင်ရှက်ဖို့ကောင်းနေလား ကျွန်တော်ကမိန်းကလေးတစ်ယောက်မဟုတ်လို့လား"
"ဝမ်ရိပေါ် မင်းဘာဖြစ်နေတာလဲ"
တစ်ခါမှအော်မပြောဖူးသောသူက ဒီနေ့တော့ဒေါသတွေအကုန်ထုတ်ဖော်နေသလိုပင် ၊ပုခုံးကိုကိုင်ထားသောလက်များမှာလည်း ဒေါသကြောင့်အကြောတွေထောင်နေသည်အထိ ။
"ကျွန်တော်ဘယ်အချိန်ထိစောင့်ရမှာလဲ ဒါမှမဟုတ်ကျွန်တော်သေမှကျွန်တော့်ကိုချစ်တယ်ဆိုတာ ဝန်ခံမှာလား"
"မဟုတ်ဘူးရိပေါ် မင်းငါ့ကိုချစ်တာမဟုတ်ဘူး ဒီတိုင်းစိတ်ကစားနေတာ"
စစတွေ့ချင်းမှာပင်သဘောကျတယ်လို့ဖွင့်ပြောလာတဲ့လူတစ်ယောက်စကားကို ရှောင်းကျန့်မယုံပေမယ့် ဝမ်ရိပေါ်ဆိုတဲ့လူသားကိုတော့ ယုံချင်မိပါသည် ။ ပုခုံးပေါ်ကလက်များဟာပြေလျော့သွားသလို ရိပေါ်နှုတ်ခမ်းမှမထိမဲ့မြင်အပြုံးလေးတစ်ခုကိုလည်း ရှောင်းကျန့်မြင်ဖြစ်အောင်မြင်လိုက်သေးသည် ။
"ရိပေါ်"
ခေါ်နေသံကိုမကြားချင်ယောင်ဆောင်ကာ ခြံထဲကပြေးထွက်သွားသော ကောင်လေး၏နောက်ကျောကိုကြည့်ပြီးရှောင်းကျန့်တစ်ယောက်စိုးထိမ့်မိပါသည်။
ဒီကောင်လေးသူ့ကိုစိတ်များပျက်သွားပြီလား ။မကြည်လင်နေသောစိတ်တို့ကို မသိချင်ယောင်ဆောင်နေကာ ကော်ဖီတစ်ခွက်သောက်ရန်ပြင်မိသည်။
ကော်ဖီခွက်ကိုအကိုင်ပင် ဟိုကောင်လေး၏စကားသံတို့ကနားထဲပြန်ကြားလာသည် ။"ကျန့်ကောကကလေးလား ကော်ဖီိတွေမသောက်ပါနဲ့ဆို ဘယ်တော့မှစကားနားမထောင်ဘူး "
ပြုံးမိသွားသောနှုတ်ခမ်းများက မခိုင်းစေထားသလို
ကော်ဖီဘူးကိုယူနေသောလက်များကပါ အလိုလိုရပ်တန့်သွားနိုင်သည်အထိ ထိုကောင်လေးသူ့အပေါ်လွမ်းမိုးနိုင်သွားပြီလားကို ရှောင်ကျန့်ပင်မသိတော့ချေ ။
YOU ARE READING
You Are Mine(completed)
Fanfiction"ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" ********* "ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" Start -28/7/2021 End-11/12/2021