Unicode
မားတို့ကို နူတ်ဆက်ပြီး ကျိုးချန်နဲ့ ချိန်းထားတဲ့ Paradiseဆိုတဲ့ ကော်ဖီဆိုင်လေးကို အမြန်သွားလိုက်တယ်။
" ဟျောင့် ငါဒီမှာ"
လက်ပြနေတဲ့ကျိုးချန်ရှိတဲ့ ဦးတည်ကာ
"မင်းကလဲ နောက်ကျလိုက်တာ"
" ငါ မနောက်ကျဘူး မင်းကသာစောနေတာ"
" အချိန်ဆိုတာလေးစားရတယ်ကွ"
"အေးပါ အပျိုကြီးရာ ဟားဟား"
စနောက်နေရင်း ရယ်မောနေသမျှ အသံစာစာလေးတခုကြားလိုက်ရတဲ့ချိန် မီးကိုရေနဲ့ ငြိမ်းလိုက်သလိုပင် ။
"ဘာမှာမလဲဗျ"
ဆိုပြီး menu ကဒ်လေးထိုးပေးနေတဲ့ လက်ဖြူဖြူ သွယ်သွယ်လေးတွေ .......... မော့ ကြည့်လိုက်တဲ့အခါ ပါးဖောင်းလေးနဲ့ မျက်နှာသေးသေးလေး နှာခေါင်းလုံးလုံးလေး ပန်းရောင်သန်းနေတဲ့ နူတ်ခမ်းဖူးဖူးလေးတွေ ပါးအို့နီနီလေးတွေနဲ့ ဖြူအုနေတဲ့ အသားရည်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုမှ ကောင်လေး တယောက်လို့ ထင်စရာကို မရှိတာ အသံကြားလိုက်လို့တာ ကောင်လေးမှန်းသိတာ မဟုတ်ရင် ဒီ ဖြူအု နုထွတ် နေတဲ့ ကောင်လေး ကိုမိန်းကလေးလို့ ထင်မိမှာမှန်ပင် ..... မဟုတ်ဘူး မိန်းကလေးတွေထက်ကို လှတာ ။ လှရက်လိုက်လေခြင်း ငေးကြည့်ပြီး ကောင်လေးရဲ့ အလှကိုစာဖွဲ့နေမိတာနဲ့ အချိန်ဘယ်လောက်ကြာသွားမှန်းမသိ ။
"အဟမ်း အဟမ်း"
ကျိုးချန်ရဲ့ချောင်းဟန့်သံကြားတော့မှ သတိပြန်၀င်လာခဲ့တာ
" မှာရမှာက menuထဲမှာနော် ရှောင်ကျန့် မျက်နှာပေါ်မှာမဟုတ်ဘူး အဟဲဟဲ "
DU LIEST GERADE
How am I supposed to live without you
Fanfictionunicode ဘ၀ကခါးတယ် ကံကြမ္မာကရက်စက်တယ်ဆိုတဲ့ စကားကို ကျတော် အကြွင်းမဲ့ ယုံလိုက်ပြီကိုကိုရာ zawgyi ဘ၀ကခါးတယ် ကံကြမ္မာကရက်စက်တယ်ဆိုတဲ့ စကားကို ကျတော် အကြွင်းမဲ့ ယုံလိုက်ပြီကိုကိုရာ #zsww #zhanyi