Ep- 16

2.3K 156 13
                                    

Unicode

ဖန်ရှင်း ဆေးရုံ round အပြီး  ရုံးခန်းအပြန် ICU ရှေ့မှ ဖြတ်သွားသောအခါ
ကုတင်လေး ပေါ်မှာ တယောက်တည်းထိုင်နေတဲ့ ကလေးမလေးက မနေ့ညက ဖတ်လိုက်ရတဲ့ ဆေးစစ်ချက် အရ

~~လောကကြီးက ရက်စက်လိုက်ပုံများ  ဒီလို ကလေးငယ်ငယ်လေးမှာမှ အဲ့လိုရောဂါဆိုးကြီးက ရှိနေရလား~~

ထိုနောက် ကလေးမလေးဆီ ဦးတည်လိုက်ကာ~

" နိဟောင်  ကလေး‌"

" နိဟောင် ကိုကို ဒေါက်တာ"

~~What!!! ကိုကို တဲ့ ဟက် စကားတော်တော်တတ်တဲ့ ကလေးလေး~~

ဒီကလေးလေး ဆေးရုံပေါ် ရောက်နေတာ ခုဆို ၃ရက်လောက်ရှိပြီ။

ဒီ မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ ဆုတောင်းနဲ့ ပြည့်လွန်းတဲ့ ကလေးမလေးကို သူစကားပြောချင်တာကြာပြီ  ဆိုပေမဲ့ သူအားတဲ့ချိန်ဆို အားနည်းတဲ့ ကလေမလေး အိပ်နေတဲ့ အချိန်နဲ့ အမြဲတိုက်နေတာ။

ချစ်စရာကောင်းလွန်းတာမို့   သူအားတဲ့ချိန်ဆို အမြဲ လာလာကြည့်နေမိတာ ကြောင့် သူ ကလေးမလေးကို သံယောဇဉ်တောင်တွယ်နေပြီ ထင်ပါရဲ့။

" တယောက်တည်းလား ပါးပါးကော"

" ပါးက yeလေး အတွက် မနက်စာ သွား၀ယ်ပေးနေတယ်"

" Aww ဒါနဲ့ သမီးနာမည်က ye လေး တဲ့လား"

မေးမိတော့ ကလေးမလေး က လက်၂ဖက် ကို ဗိုက်နားလေး ကပ်ထားပြီး ဦးညွှတ်တဲ့ ပုံလေး လုပ်ကာ ~

"တွေ့ရတာ ၀မ်းသာပါတယ်ရှင့် yeလေး နာမည်က Xiao yeပါ ရှင့်  "

တကယ်တော့ နာမည်ကို လူနာမှတ်တမ်းမှာပါတာမို့ သိပြီးသား ဖြစ်နေသော်လဲ ဘာပြောရမှန်း မသိတာကြောင့် မေးလိုက်ခြင်းပင်။

"ဟက် ဟက် ကိုကို့ နာမည်က ဖန်ရှင်းပါ ကိုကို ဒေါက်တာလို့ မခေါ်ဘဲ ကိုကို ဖန်ရှင်းလို့ ခေါ်နော်"

"ဟင့်အင်း"

"ဟမ်"

"ကိုကို ဖန်ရှင်းလို့ မခေါ်ဘူးလို့  နာမည်ထည့်ခေါ်ရင် ရိုင်းတယ်တဲ့ပါးက ပြောဖူးတယ်  yeလေး အဲ့လို ခေါ်ရင်  တော်ကြာ ပါးပါးက မကြိုက်ရင် ငိုလိမ့်မယ် yeလေး က ပါးငိုအောင်မလုပ်ချင်ဘူး ကိုကို ဒေါက်တာလို့ဘဲ ခေါ် မယ်လေ.....နော် "

ဖခင်ကို သိတတ်လွန်းပြီးလိမ္မာလွန်းတဲ့ ကလေးမလေး ခေါင်းကို ပွတ်ပေးလိုက်ကာ~

"သမီးလေး သဘော .....Xiao yeလေးက ကိုကိုနဲ့ ရေစက်ပါတာဘဲ  ကိုကို ဒီဆေးရုံကိုစရောက်ရောက်ချင်း ပထမဆုံး လက်ခံ ကုသရတဲ့  Xiao yeလေးက ပထမဆုံး ကိုကို့ရဲ့ လူနာလေးဘဲ"

" ဟီး ဟီး yeလေးကိုလဲ ပါးပါးက အမြဲပြောတယ် ရေစက်ပါလာရင် တွေ့ကိုတွေ့ရမှာတဲ့ ရှောင်လို့ရဘူးတဲ့ အဲ့  မပါလာရင်လဲ အတင်းတွေ့ချင်လို့ရဘူးတဲ့ "

စကားတတ်လွန်းတဲ့ကလေးမလေး လူနာသာမဟုတ်ရင် သူဖျစ်ညစ်ပြီးတာ ကြာပြီ။

" ဟာာ စကားတတ်လိုက်တဲ့ ကလေးလေး   ဒါနဲ့ Xiao yeလေး နားမှာ အမြဲ ပါးပါးဘဲတွေ့တယ်နော် မားမားကကော"

လူနာမှတ်တမ်းမှာလဲ ဖြည့်ထားတာ မတွေ့တာမို့ တကယ်ကို သိချင်လို့ မေးလိုက်မိတာ~

" Yeလေးမှာက ပါးပါးဘဲ ရှိတာလေ ကိုကို ဒေါက်တာရဲ့"

ဖန်ရှင်း စိတ်မကောင်း ဖြစ်သွားတယ် ။

"Ahhhh  sorryနော်  ကိုကိုလျောက်မေးမိပြီ"

"အာ မဟုတ်တာ ရပါတယ် ကိုကို ဒေါက်တာရဲ့  yeလေးမှာ အစတည်းက မားမား မှမရှိတာ...... ပါးက အမြဲပြောပြတယ် ပါးက yeလေးကို ဟောဒီနားကို ဓါးရီးနဲ့ ခွဲပြီး ထုတ်ထားရတာတဲ့"

ဗိုက်ကို ဖြတ်တဲ့ ပုံ လုပ်ပြရင်း ပြောလာတဲ့ ကလေးကြောင့် ကြောင်သွားရတယ်။

~~မဟုတ်မှ  ယောကျာ်းလေး ကိုယ်၀န်ဆောင်လား ~~

" Yeလေး ဆို အပ်နဲ့ ထိုးတာတောင် တအားနာလို့ အော်ငိုတာ ကို ပါးကyeလေးကို ဓါးရီးခွဲထုတ်ထားရတာလေ  အ့ကြောင့် ပါးကို  yeလေးက တအားချစ်တာ "

"ကဲ ဟုတ်ပါပြီ အတတ်လေးရယ်"

ကလေးနဲ့ ပြောဆိုရင်း အခန်းထဲ ၀င်လာတဲ့ ကလေးမ ပါးပါး~

"ဟို ခနနေ ကျ ရုံး ခန်းထဲလာခဲ့ပါနော် ဆေးစစ်ချက်က ရပြီမို့  ကလေး အခြေနေလေး ဆွေးနွေးချင်လို့ပါ"

"ဟုတ် Dr"

"အဲ့ဒါဆို ကျတော် သွားပြီ  Xiao yeလေး ကိုကို သွားပြီနော်"

"ဟုတ် ကိုကို ဒေါက်တာ"

How am I supposed to live without youHikayelerin yaşadığı yer. Şimdi keşfedin