Ep- 28

2.2K 136 5
                                    

Unicode

Yiboအတွက် ဒီနေ့ အားလုံးက သိပ်ထူးဆန်းနေတယ်လို့ခံစားနေရတယ်။

အိမ်ကလူတွေကလဲ နေ့လည်တည်းက shoppingထွက် မယ်ဆိုပြီး ထွက်သွားကြတာ ကျတော်လဲ လိုက်မယ်ဆိုတော့ yeလေးနဲ့ date ချင်လို့ပါ ဆိုပြီး မခေါ်  ။
ခုဆို ညတောင် ရောက်ပြီ ပြန်မလာကြသေး ဖုန်းခေါ်တော့လဲ  မအားသေးပါ အော်နေတဲ့ ဖုန်းတွေ။
ပြီးတော့ ရှိသေးတယ် ကိုကို တ‌ယောက် ခါတိုင်းရက်တွေဆို နာရီ၀က်တခါ ခေါ်တတ်တဲ့ ကိုကိုက ဒီရက် တခါမှ  ဖုန်းမခေါ်ဘူး။

ဧည့်ခန်းက ဆိုဖာပေါ်ထိုင်ကာ တစိမ့်စိမ့်တွေးရင်း ထိုင်ကောက်နေတဲ့ yiboရယ်ပါ။

ရှောင်ကျန့် တယောက် အနောက်ကနေ ရပ်ကာ ပွစိပွစိရွတ်နေတဲ့ အကောင်ပေါက်လေးကို ကြည့်ကာ ပြုံးနေမိတယ်။

"ပစ်ထားကြ ပစ်ထားကြ ငါ့တယောက်တည်း ပစ်ထားကြ ဟွန့် တယောက်မှ မရှိတော့လဲ နားအေးတာဘဲ "

~~ချစ်လိုက်ရတာ ကလေးရာ~~

သူရောက်နေတာ မသိဘဲ စွာနေတဲ့ ကလေးအနားသွားလိုက်ကာ~

"ကလေး ဘာတွေစွာနေတာလဲ "

"အမလေး ဟာကိုကို"

"အင်း"

"ကိုကို ဘယ်တုန်းက ရောက်နေတာလဲ ကားသံလဲမကြား"

"ကိုကိုက ရောက်တာကြာပေါ့ ကလေးကသာ ပွစိပွစိနဲ့ စွာစိနေလို့သာ မသိတာ"

"ဟာာာ ကိုကိုကလဲ"

ရှက်နေတဲ့ ကလေးငယ်ဘေးနား၀င်ထိုင်လိုက်ရင်း ~

"ပြောပါအုံး ကိုကို့ကလေးက ဘာတွေ စိတ်မကြည်ဖြစ်နေတာလဲ"

"အိမ်ကလူတွေပေါ့ ကျတော့ကို ပစ်ပြီး သွားကြတာ ခုထိဘဲ ဟွန့် အဲ့ထဲ ကိုကိုကော ပါတယ်"

"ဟမ် ကိုကိုက ဘာလုပ်လို့တုန်း"

"ဘာမှမလုပ်လို့ပေါ့"

လူယုတ်မာပြုံးလေးနဲ့ ဘေးနားက ကလေးငယ်ကို ဆွဲဖက်လိုက်တော့ တုန်တက်သွားတဲ့ ကလေးငယ်ကို သူကြိတ်ရယ်နေမိတယ်။

"ဟင် အဲ့လိုလား အဲ့ဒါဆို ခု အိမ်မှာ ဘယ်သူမှမရှိတုန်း ကိုကို လုပ်လိုက်ရတော့မလား"

How am I supposed to live without youМесто, где живут истории. Откройте их для себя