unicode
Yibo အိပ်နေတဲ့ သမီးလေးနားထိုင်နေရင်း ကျိရန်geအလာ ကို စောင့်နေမိတယ်။
"Yibo"
" Geရောက်လာပြီလား ahh အန်တီလဲ ပါလာတာလား"
"အင်း ပေါ့ သားရဲ့ အန်တီက အိမ်မှာ စိတ်ဖြောင့်ဖြောင့်နဲ့ နေနိုင်ပါ့မလားသားရယ် "
" ကျတော့ကြောင့် အန်တီလဲ အလုပ်ရှုပ်ရသလို ကျိရန်geလဲ အလုပ်ပျက်ရက် များနေပြီ"
"မဟုတ်တာဘဲကွာ ဒါနဲ့ yeလေး ဘယ်လိုနေသေးလဲ"
" လောလောဆယ် သက်သာနေတယ်ge"
" ဒါနဲ့ yiboသွားစရာရှိတာ သွားလေ yeလေး ကို geနဲ့မား စောင့်လိုက်မယ်"
"ဟုတ် yeလေး နိုးလာရင် ကြည့်ပြော ပေးထားပေးပါအုံးနော်"
"အေး အေး"
**************
Yibo ဆေးရုံကနေ အိမ်ကို အမြန် ပြန်လာ လိုက်သည်။
အိမ်ရောက်တော့ အိပ်ခန်းက အိပ်ယာထက် လက်ဖဝါး ၂ဖက်ပေါ် မျက်နှာကိုအပ်ပြီး ငို ကြွေးနေမိတယ်။
သူငိုတာတွေ့ရင် သမီးလေး ရောဂါထပ်ဖောက်နေမှာစိုး၍ သမီးလေးရှေ့မှာ သူမငိုရဲတော့။
သူ့မှာ ၀မ်းနည်းရင် ထိုး၀င် ပြီး ငိုကြွေးစရာ ရင်ခွင်မှ မရှိတာလေ ။သူ ဟန်ဆောင်တင်းထားရတာ တကယ်ကိုပင်ပန်းနေပြီလေ။~~ ဟင့် ပါး...ပါးတကယ်ကိုပင်ပန်းနေပြီ မို့ ပါးကို ခနတော့ ငိုခွင့်ပေးပါ yeလေး ဟင့် "
ငိုလို့ ၀တော့ အ၀တ်ဗီရို ဖက်သွားလိုက်ရင်း ဗူးလေးနဲ့ သိမ်းထားတဲ့ ပစ္စည်းလေးကို ယူပြီး ကုတင်ပေါ် ပြန်လာထိုင်လိုက်တယ်။
ထိုဗူးလေးကို ဖွင့်လိုက်တော့ မြင်တွေ့လိုက်တဲ့ ပစ္စည်းလေးကြောင့် ခုနက ခြောက်သွေ့သွားတဲ့ မျက်ရည်စီးကြောင်းတွေက တဖန် ပြန်စိုစွတ်လာတယ်။
အတိတ်တွေကို မေ့ချင်ယောင်ဆောင်ချင်လို့ သူ ကိုကို့ကို မေ့ချင်ယောင်ဆောင်ချင်လို့ သူ ကိုကို့ ကို ကိုယ်စားပြုတယ်ဆိုတဲ့ ဒီ လက်ကောက်လေးကို သူချွတ်သိမ်းထားခဲ့တာ ဘေကျင်းကထွက် လာတည်းကဘဲ။။
ESTÁS LEYENDO
How am I supposed to live without you
Fanficunicode ဘ၀ကခါးတယ် ကံကြမ္မာကရက်စက်တယ်ဆိုတဲ့ စကားကို ကျတော် အကြွင်းမဲ့ ယုံလိုက်ပြီကိုကိုရာ zawgyi ဘ၀ကခါးတယ် ကံကြမ္မာကရက်စက်တယ်ဆိုတဲ့ စကားကို ကျတော် အကြွင်းမဲ့ ယုံလိုက်ပြီကိုကိုရာ #zsww #zhanyi