Ep- 18

2.3K 155 3
                                    

Unicode

" ဟင့် ဟင့် ဟင့် "

ခေါင်းမိုးထပ်ပေါ်မှာ ငိုနေတဲ့ ဖန်ရှင်း။

သူ Xiao yeလေးစကားကို ပြန်ပြန်ကြားယောင်နေမိတယ်

'yeလေးက ပါးနဲ့ အကြာရီး တူတူနေ ချင်သေးတာတဲ့'

"ကလေးရယ်"

"ကိုကို ဟုတ်တယ် ကိုကိုဆို ကူနိုင်လောက်မှာ"

သူ ဖုန်းကိုထုတ်၍ ကိုကို ဆိုတဲ့ contactကို နှိပ်လိုက်တယ်။

" Hello ရှင်းလေး ထူးထူးဆန်းဆန်းနေ့ခင်းဖက် ဆက်လို့ပါလား"

" ကို ဟင့် ကိုကို ဟင့်  "

"ရှင်း ရှင်းလေး ဘာဖြစ်တာလဲ "

"ရှင်း ဆက်သည်းမခံနိုင်တော့ဘူး ဟင့် ရှင်း ရှင်း မြင်ရတာ နာကျင်လွန်းလို့ ဟင့် အဆင်မပြေတော့ဘူး ဟင့်"

"ရှင်းလေး အရင်  စိတ်အေးအေးထားနော်  စိတ်အေးအေးထားပြီးမှ သေချာရှင်းပြနော်"

"ဟင့် ဟင့် ....."

တခန အကြာ ငိုလိုက်လို့ စိတ်ငြိမ်သွားမှ

"ကိုကို"

"အင်း‌ ခု ပြောပြတော့မလား ဘယ်လိုဖြစ်တာလဲ သူများအနိုင်ကျင့်လို့လား"

"မမဟုတ်ပါဘူး ကိုကိုကလဲ ခုက တခြားဟာ"

"အင်း ပြောပါအုံး"

"ဒီလိုပါ  ကိုကိုရဲ့"

Xiao yeလေးရဲ့ ရောဂါ အကြောင်း အစဆုံးပြောပြလိုက်တယ် ။

တကယ်တော့ ဆရာ၀န်တယောက်က လူနာအကြောင်း ကို လူနာရှင် မဟုတ်တဲ့ အပြင်လူကို မပြောရဘူးဆိုပေမဲ့ ခုက သူကိုကို့ကို အကူညီတောင်းရမယ်လေ။

" အဲ့ဒါ Xiao yeလေးအတွက် ကိုကို့ ဆေးရုံမှာ စာရင်းသွင်းထားပေးလို့ရလားဟင် ဒီမှာထက် ကိုကို့ဆေးရုံက အလှူရှင် ရှာရပိုလွယ်တာမို့"

"ဘာမှ စိတ်မပူနဲ့နော် ရှင်းလေး ဖြစ်စေချင်တာ ကိုကိုက အကုန်လုံး လုပ်ပေးမှာ    "

" ကျေး ကျေးဇူးပါ ကိုကို"

" ခနနေ ကိုကို့ကို လူနာအချက်အလက်တွေ mail ပို့ပေးနော် ကိုကို စောင့်နေမယ်"

How am I supposed to live without youTempat cerita menjadi hidup. Temukan sekarang