Ep- 30

2.3K 133 3
                                    

Unicode
            

Yiboတယောက် ဒီညနေ ကိုကို့မား ကို သွားတွေ့ရန် ရည်ရွယ်ထားတယ်။

သူကိုကို့ကို အကြာကြီး မစောင့်ခိုင်းချင်တော့တာမို့  ခွင့်ပြုချက်ရရန်  သူအမြန်ကြိုးစားမှ ဖြစ်မယ်လေ။

ဒေါက် ဒေါက်~~

"ဟုတ် ၀င်ခဲ့ပါ"

"Didi လေး အောက်မှာ ရှောင်ကျန့် ပါးနဲ့မား ရောက်နေတယ်"

"ဗျာ"

သူတကယ်လန့်သွားတာ လက်မခံကြောင်းလာပြောတာလား သူတောင်မကြိုးစား ကြည့်ရသေးဘူးလေ ။

ဒီတခါလဲ ထပ်ငြင်းရင်ကော သူဘယ်လို လုပ်ရမလဲ

"ကျဲ ကျဲ ကျတော်"

"Didiလေး မတွေ့ချင်သေးဘူးဆို ကျဲ..."

"မ မဟုတ်ဘူး ကျဲ ကျတော်က ကြောက် ကြောက်လို့ ထပ် ထပ်ပြီး..... "

ပြောတော့ လက်ကိုဆုပ်ကိုင်ပြီး အားပေးလာတဲ့ကျဲ~

"ဘာ မှ မဖြစ်ပါဘူး didiလေး ရဲ့ ပြီးတော့ ဒီတခါဆို ကျဲတို့ ပါးတို့ လဲ ရှိနေတာဘဲ သူ  တခုခု ဆို လူခေါ်ပြီး ဆွဲထုတ်ခိုင်းလိုက်မယ်လေ မကောင်းဘူးလား"

"ဟက် ဟက် ကျဲကလဲ"

"အခုမှ ပြုံးတော့တယ် လာ အောက်ဆင်းရအောင်"

"ဟုတ် ကျဲ"




အောက်ဆင်းလာတော့ ၀မ်ဦးဦး နဲ့ စကားပြောနေတဲ့ ကိုကို့မားနဲ့ပါး။

"လာ သားထိုင်"

‌၀မ်ဦးဦးက ခေါ်တော့ ဆိုဖာပေါ်၀င်ထိုင်လိုက်တော့ ကျတော့ဘေးကို ပြောင်းထိုင်လာတဲ့ ကိုကို့မား~

" ဟိုအေးဆေး စကားပြောကြအုံးနော် လာ သမီးချင်လေးသွားမယ်"

ရှောင်ပေးဖို့ ပြင်နေတဲ့ ၀မ်ဦးဦး နဲ့ မသွားချင်တဲ့ ကျဲ
ကျဲကို ကျတော်ခေါင်းငြိမ့်ပြလိုက်တော့မှ သွားလိုက်တဲ့ ကျဲ။

"ဟို ဘာ ကိစ္စလဲ မသိဘူး"

မေးမိတော့ လက်ကို ဆုပ်ကိုင်လာတဲ့ ကိုကို့မား။

"မား မားက တောင်းပန်ချင်လို့ပါကွယ် သားအပေါ် မား လုပ်ခဲ့မိတဲ့ လုပ်ရပ်တွေ အတွက် တောင်းပန်ချင်လို့ပါ မား ကြောင့် သား ဘ၀လေး ခက်ခဲ ခဲ့ရတဲ့ အတွက်  မား မားက တောင်းပန်ပါတယ်နော် မား သားကို တောင်းပန်ချင်ခဲ့တာ ဟိုးး အရင်တည်းကပါ ဒါပေမဲ့ အခွင့်သာခဲ့ဘူး  ခု မားကို ပြန်ပြင်ဆင်ခွင့် ပေးမလား ဟင်"

How am I supposed to live without youTempat cerita menjadi hidup. Temukan sekarang